နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကုန်သေတ္တာတင်မော်တော်ယာဉ်များကို ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ်ကာလအတွင်း စည်းကမ်းသတ်မှတ်ချက်များနှင့် နေ့အချိန်ဖြတ်သန်းသွားလာခွင့်ပြု

ရန်ကုန် ဧပြီ ၂၃ ကုန်သေတ္တာတင်မော်တော်ယာဉ်များအား ညမထွက်ရအမိန့်ထုတ်ပြန်ထားစဉ်ကာလအတွင်း စည်းကမ်း သတ်မှတ်ချက်များနှင့် နေ့အချိန်ဖြတ်သန်းသွားလာခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဧပြီ ၂၀ ရက်ထုတ်ပြန်သတင်းများအရ သိရသည်။ ကုန်သေတ္တာတင်မော်တော်ယာဉ်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် မောင်းနှင်ရမည့် ကုန်သေတ္တာတင်မော်တော်ယာဉ် လမ်းကြောင်းများသတ်မှတ်ကာ ညဖက်ပိုင်းတွင်သာ အဓိကသယ်ယူပို့ဆောင်ရန် သတ်မှတ်ဆောင်ရွက် ခဲ့သည်။ သို့သော် ယခုအခါ Covid-19 ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် အရေးပေါ်ကာလ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ညဖက်ပိုင်းတွင်သာ အဓိကအားထားအလုပ်လုပ်နေကြရသည့် ကုန်သေတ္တာတင် မော်တော်ယာဉ်များအနေနှင့် အခက်အခဲများဖြစ်လာခဲ့သည်။ ထို့ကြောင့် အဆိုပါကာလအတွင်း မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်အသင်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ သွင်းကုန်/ပို့ကုန်ဆိပ်ကမ်းများ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ကုန်သေတ္တာတင်ယာဉ် များအား နေ့အချိန်သတ်မှတ်စည်းကမ်းများဖြင့် သွားလာခွင့်ပြုပေးပါရန် ရန်ကုန်တိုင်းဒေသကြီးသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြလာခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညမထွက်ရအမိန့်ထုတ်ပြန်ထားချိန်တွင် ကုန်စည်စီးဆင်းမှု အဆင်ပြေစေရေးနှင့် စီးပွားရေးလုပ်ငန်းများအနေနှင့် လုပ်ငန်းများအားစဉ်ဆက်မပြတ် ဆက်လက် လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ကုန်သေတ္တာတင်မော်တော်ယာဉ်များအား ညမထွက်ရအမိန့် ထုတ်ပြန်ထားစဉ်ကာလအတွင်း စည်းကမ်းသတ်မှတ်ချက်များနှင့် နေ့အချိန်ဖြတ်သန်းသွားလာခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။ ထို့ကြောင့် ကုန်သေတ္တာတင်မော်တော်ယာဉ်များအနေနှင့် နံနက် ၇ နာရီမှ ည ၈ နာရီအထိ နေ့စဉ်ယာယီသွားလာကြရန်၊ သတ်မှတ်ချိန်ထက်စော၍ထွက်ခွာခြင်း၊ နောက်ကျသွားလာနေခြင်းမဖြစ်စေရေး အချိန်ကို စနစ်တကျကြိုတင်တွက်ချက် သွားလာကြရန်၊ ယာဉ်ကြောပိတ်ဆို့မှု၊ သွားလာကန့်သတ်ချက်များနှင့် ယာဉ်အန္တရာယ်မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်အသင်း စည်းကမ်းထိန်း သိမ်းရေးအဖွဲ့များမှ စနစ်တကျစောင့်ကြည့်ကြပ်မတ်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ YRTA တို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်အတွက် Covid-19 အရေးပေါ်ကာလ ညမထွက်ရအမိန့်ထုတ်ပြန်ထားစဉ်ကာလအတွင်းခွင့်ပြု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုသာစစ်






အခြားဆက်စပ်သတင်းများ