စက်တင်ဘာ ၄၊ ဝါရှင်တန်
အံ့အားသင့်စရာ မျက်လှည့်ပြကွက်များ၊ စတန့်ပြကွက်များကြောင့် လူသိများ ထင်ရှားသည့် လူစွန့်စား ဒေးဗစ်ဘလိန်းက ဟီလီယမ်ဓာတ်ငွေ့ ဖြည့်သွင်းထားသည့် မိုးပျံပူဖောင်းအတွဲကို ခိုစီးပြီး အရီဇိုနားသဲကန္တာရပေါ်တွင် မိနစ် ၃၀ ကြာ ပျံသန်းခဲ့သည်။ ယင်းမှာ ပေ ၂၉၀၂၉ ပေ မြင့်မားသည့် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်၏ အမြင့်တွင် ပျံသန်းနိုင်ရန် ရည်မှန်းခဲ့သော်လည်း မြေပြင်အထက် ပေ ၂၄၀၀၀ အမြင့်အထိသာ ရောက်ရှိခဲ့သည်။
ဒေးဗစ်ဘလိန်းမှာ Ascension ဟု အမည်ပေးထားသည့် မိုးပျံပူဖောင်းအတွဲကြီးကို ခိုစီးနေချိန် တစ်လျှောက်လုံး မြေပြင်အဖွဲ့နှင့်မပြတ်တမ်း ဆက်သွယ်ခဲ့ပြီး သမီးဖြစ်သူနှင့် Video call ပြောခဲ့သည်။ ယင်းမှာ အမြင့်ပေများသည့် နေရာများသို့ ရောက်ရှိချိန်တွင် အောက်ဆီဂျင်ဘူး ဖွင့်ရှူခဲ့သည်။ ဒေးဗစ်ဘလိန်း၏ မိနစ် ၃၀ ကြာ မိုးပျံပူဖောင်းခရီးစဉ်ကို You Tube တွင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ရာ တစ်ရက်အတွင်း ကြည့်ရှုမှုအကြိမ်ရေ ၉ သန်းကျော် ရှိခဲ့သည်။ ဒေးဗစ်ဘလိန်းမှာ ခရီးစဉ်အဆုံးသတ်မယ့်နေရာသို့ ရောက်ရှိချိန်တွင် လေထီးအိတ်ကို ဖွင့်ကာ မိုးပျံပူဖောင်းများကို လွှတ်ချပြီး လေထီးခုန်ဆင်းခဲ့ခြင်းဖြစ်သည်။
ဒေးဗစ်ဘလိန်းမှာ ၁၉၉၉ ခုနှစ်က ပလတ်စတစ်ပုံးထဲဝင်ပြီး ၇ ရက်ကြာအောင် အရှင်လတ်လတ် မြေမြှုပ်ခံပြသည့်ပြကွက်၊ နောက်တစ်နှစ်အကြာတွင် လူတစ်ကိုယ်စာ ဝင်နေနိုင်သည့် ရေခဲတုံးအတွင်း ၆၃ နာရီ၊ ၄၂ မိနစ်၊ ၁၅ စက္ကန့်ကြာ နေပြသည့်ပြကွက်၊ ၂၀၁၂ ခုနှစ်တွင် ဗို့အားတစ်သန်းလွှတ်ထားသည့် နေရာကြားတွင် ၇၂ နာရီကြာ မတ်တပ်ရပ်ပြသည့် Electrified: One Million Volts Always On ပြကွက်ပြသခဲ့သူဖြစ်သည်။
Ref:BBC(KNT)