နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး

စက်တင်ဘာ  ၄


နိုင်ငံတော်အစိုးရက ဖော်ဆောင်နေသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးထံ ဖွံ့ဖြိုးတိုးတက်မှုအားလုံးကို မျှမျှတတ ပျံ့ပျံ့နှံ့နှံ့ အရောက်ပို့ဆောင်ပေးရာတွင် လျှပ်စစ်မီးရရှိရေးသည်လည်း အဓိကကျပေသည်။ နိုင်ငံ၏ လူဦးရေ မြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြား တိုးပွားလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ပြည်သူများကို ၂၄ နာရီ ဓာတ်အားဖြတ်တောက်မှုမရှိဘဲ ဖြန့်ဖြူးပေးရန် လိုအပ်ရာ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ကြံ့ခိုင်ကောင်းမွန်စေရေး ထိန်းသိမ်းပြုပြင်ခြင်းနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်း ကျဆင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

ဓာတ်လိုက်မှုအန္တရာယ်မဖြစ်စေရေး၊ ဂရုပြုဆောင်ရွက်ရန်နှင့် ပြည်သူများအပေါ် ဝန်ဆောင်မှုပေးရာတွင် ကျေနပ်မှုရရှိပြီး ဌာနအပေါ် ယုံကြည်မှုရရှိရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှု၊ အန္တရာယ်ရှိသော ဓာတ်အားလိုင်း၊ ဓာတ်အားခွဲရုံများအနီးရောက်ရှိမှုကြောင့် ဒဏ်ရာရရှိစေမှု၊ ဓာတ်လိုက်သေဆုံးမှုကင်းဝေးစေရေး၊ မိဘပြည်သူ များ သတိပြုရှောင်ရှားနိုင်စေရန် အသိပေးထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ပေါ့ဆမှု၊ စံချိန်မီလျှပ်စစ်ပစ္စည်းများ၊ အရည်အသွေးမီ အာမခံလျှပ်စစ်ပစ္စည်းများသုံးစွဲမှုနည်းပါးပြီး အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းတပ်ဆင် သုံးစွဲခြင်းလည်း ဂရုပြုသင့်သည်။ ယခု မုတ်သုံဆုတ်ခွာချိန်နီးကပ်လာချိန်တွင် လေပြင်းများတိုက်ခတ်ချိန်၊ မုန်တိုင်းငယ်များအရှိန်ကြောင့် စိုက်ဘင်းလေများတိုက်ခတ်ခြင်းကြောင့် သစ်ပင်များပြိုလဲခြင်း၊ ဓာတ်အား ပို့လွှတ်ထားသော ဓာတ်အားလိုင်းများသည် ဓာတ်တိုင်များယိုင်လဲခြင်း၊ ဓာတ်အားကြိုးများပြတ်ကျခြင်းကို တွေ့ရှိပါက လျှပ်စစ်အန္တရာကင်းရှင်းစေရေး မိမိသဘောအလျောက် ကိုင်တွယ်ဖယ်ရှားခြင်းမပြုသင့်ပေ။   သက်ဆိုင်ရာမြို့နယ်လျှပ်စစ်(အရေးပေါ်ဌာန)သို့ ဆက်သွယ်အကြောင်းကြားရန်လိုအပ်သည်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် ဆင်ခြင်လိုက်နာပူးပေါင်းကူညီရန် အသိပေးနှိုးဆော်အပ်ပါကြောင်း  . . . . . ။     ။






အခြားဆက်စပ်သတင်းများ