နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၁၈ ခုနှစ်ကတည်းက ဘာစီကိုလျော်ကြေးဇယားနဲ့ ချုပ်ထားတဲ့ လီဗာပူး

စက်တင်ဘာ  ၄


လီဗာပူးအသင်းဟာ ၂၀၁၈ ခုနှစ်တုန်းက ကလပ်ရဲ့အကောင်းဆုံးကစားသမားဖြစ်တဲ့ ကွင်းလယ်ကစားသမား ကော်တင်ညိုကို ဘာစီတို့က ခေါ်ယူလိုတာကြောင့် လီဗာပူးရဲ့အားကစားဒါရိုက်တာ အဒ်ဝတ်က အားကစား သမား လက်လွတ်ရမှုမှာ ရေရှည်ကိုမျှော်တွက်ဆပြီး သီးခြားအချက်တစ်ချက် ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။ အဲဒီအချက်ကတော့ ၂၀၂၀ ပြည့်နှစ်အထိ လီဗာပူးကစားသမားတစ်ဦးကို ဘာစီလိုနာက ထပ်မံခေါ်ယူမယ်ဆိုရင်  လျော်ကြေး ယူရိုသန်း ၁၀၀ ပေးရမယ်ဆိုတဲ့ သဘောတူညီတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါဟာဆွာရက်ဇ်၊ ကော်တင်ညို တို့လို အသင်းရဲ့အကောင်းဆုံးကစားသမားတွေကို ခေါ်ယူသွားလေ့ရှိတဲ့ ဘာစီလိုနာတို့ထံ နောက်ထပ်ကစားသမားတွေ လက်လွှတ်မခံရအောင် လီဗာပူးဘက်က ထိန်းချုပ်ခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။    ဒီသတင်းကို Paul Joyce ဆိုတဲ့ သတင်းထောက်က ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာတို့ စာချုပ်စဉ် က မပျော်ပိုက်ပေမဲ့ ကော်တင်ညိုကိုခေါ်ယူနိုင်ရေးအတွက် သဘောတူညီပေးခဲ့ကြရပါတယ်။ အဲဒီစာချုပ် အရဆိုရင် ဘာစီတို့ လီဗာပူးခံစစ်မှုး ဗန်ဒိုက်ကို ခေါ်ယူချင်ရင်တော့ ပြောင်းရွှေ့ကြေးအပြင် လျော်ကြေးပါ ထပ်ပေါင်းပေးရမှာ ဖြစ်ပါတယ်။ ထိုသဘောတူစာချုပ်ရဲ့သက်တမ်းဟာ ဒီနွေကုန်တဲ့အထိ အသက်ဝင်နေမှာ ဖြစ်တာကြောင့် ဇန်နဝါရီလကျမှသာ သက်တမ်းကုန်မှာဖြစ်ပါတယ်။ ဘာစီလိုနာက ဝိုက်နယ်ဒမ်ကို ခေါ်ယူ မယ်လို့ သတင်း ထွက်နေပေမဲ့ ဝိုက်နယ်ဒမ်ကတော့ မာဆေးဆိုဒ်ကိုထွက်ခွာဖို့ မစဉ်းစားသလို ကလပ်ဘက် ကလည်း စာချုပ်တစ်နှစ်ပဲကျန်ပေမဲ့ ရောင်းထုတ်ဖို့ စိတ်မဝင်စားသေးကြောင်း သိရပါတယ်။ ဒီစာချုပ်ပါ သဘောတူညီချက်ကိုလီဗာပူးဘက်က ပယ်ဖျက်ပေးနိုင်သလားဆိုတာတော့ လီဗာပူး အသင်းကသာ အဖြေပေး နိုင်မှာပါ။


(SO)






အခြားဆက်စပ်သတင်းများ