နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေးရှင်းလိဂ်မှာပေါ်တူဂီတို့ရဲ့ ဒုတိယအကြိမ် ချန်ပီယံပစ်မှတ်နဲ့ ရော်နယ်ဒိုရဲ့ ဂိုးရာပြည့်ပစ်မှတ်

စက်တင်ဘာ  ၄


ပေါ်တူဂီမှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အိမ်ရှင်ပေါ်တူဂီတို့ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီဟာ ယူရို ၂၀၂၁ ပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်ထားတဲ့အသင်းဖြစ်ပါတယ်။ ယခုနေးရှင်းလိဂ်ပြိုင်ပွဲဟာဥရောပအသင်းတိုင်းအတွက် ယူရို ၂၀၂၁ အကြိုပြင်ဆင်မှုမျိုးဖြစ်နေပါတယ်။ နေးရှင်းလိဂ်ဟာ ပြိုင်ပွဲအသွင် ကျင်းပတာကြောင့် အသင်းအများစုကအာရုံစူးစိုက်မှုရှိကြပါတယ်။ ပေါ်တူဂီဟာ ယူရို ၂၀၂၀−၂၁ ပြိုင်ပွဲမှာ ပြင်သစ်၊ ဆွီဒင်၊ ခရိုအေးရှားနဲ့အတူ တစ်အုပ်စုတည်းကျရောက်နေပြီး ယခုနေးရှင်းလိဂ်မှာလည်း ခရိုအေးရှား၊  ဆွီဒင်တို့နဲ့ ကစားရမှာဖြစ်ပါတယ်။ နည်းပြ ဖာနန်ဒိုဆန်းတို့စ်ဟာ အတောင့်အတင်းဆုံးလူစာရင်းကို ရွေးချယ် ထားပါတယ်။ ကျွမ်းကျင်သူများရဲ့သုံးသပ်ချက်အရနေးရှင်းလိဂ်မှာပေါ်တူဂီပါဝင်တဲ့ အုပ်စုမှာပြင်သစ်နဲ့ ပေါ်တူဂီသာ အုပ်စုပထမနေရာလုရမှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။ ပြင်သစ်ဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ် ပြိုင်ပွဲမှာ ဆီမီးနဲ့ဝေးခဲ့ရပြီး အုပ်စုမှလှည့်ပြန်ခဲ့ရပါတယ်။ ပေါ်တူဂီနည်းပြ ဖာနန်ဒိုဆန်းတို့စ်ကတော့ ၂၀၁၆ ယူရိုချန်ပီယံအသင်း၊ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ချန်ပီယံအသင်းတို့ကိုပင် အခြေခံကာကစားသမားရွေးချယ်ထားပါ တယ်။ ခြေစွမ်းထက်မြက်တဲ့ ကစားသမားတွေကိုသာခေါ်ယူထားပါတယ်။ စက်တင်ဘာလ နေးရှင်းလိဂ်အတွက် ရွေးချယ်ထားတဲ့ မျက်နှာသစ်ကစားသမားက ဂိုးသမား ရူအီဆေးဗား၊ အသက် ၂၀ အရွယ် တိုက်စစ် ကစားသမားလေး ဖရန်စစ္စကိုထရန်ကောင်း တို့ပဲဖြစ်ပါတယ်။

ခရိုအေးရှားနဲ့ ဆွီဒင်ပွဲတွေမှာ စောင့်ကြည့်ရမဲ့သူတွေက အသင်းခေါင်းဆောင် ရော်နယ်ဒိုနဲ့ ယာအိုဖီးလစ် တို့ပဲဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၁၆၄ ပွဲကစားကာ ၉၉ ဂိုး ရရှိထားပြီး ခရိုအေးရှားနဲ့ ဆွီဒင်ပွဲတွေမှာ ဂိုးရာပြည့်သွင်းယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ အက်တီကိုသို့ ယူရို ၁၂၆ သန်းနဲ့ ဘင်ဖီကာမှ ပြောင်းလာတဲ့ ယာအိုဖီးလစ်ကလည်း ပေါ်တူကီအတွက် ၅ ပွဲကစားထားပြီး ဂိုးမသွင်းနိုင်ခဲ့သေးတာကြောင့်  ခု ခရိုအေးရှားနဲ့ ဆွီဒင်ပွဲတွေမှာ ဂိုးသွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ ပေါ်တူဂီဟာ စက်တင်ဘာ ၅ ရက်နေ့မှာ ခရိုအေးရှားနဲ့ ကစားရမှာပါ။ ခရိုအေးရှားမှာ မိုဒရစ်နဲ့ ရာကီတစ်တို့မပါနိုင်ပါ။ အသင်းခေါင်းဆောင်  ရော်နယ်ဒို ဂိုးရာပြည့်ရမလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။


(SO)






အခြားဆက်စပ်သတင်းများ