နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွင်းလယ်ကစားသမား စီဘယ်လော့စ် အာဆင်နယ်အသင်းတွင် တစ်ရာသီထပ်မံကစားမည်

စက်တင်ဘာ  ၄


ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား စီဘယ်လော့စ်သည် အာဆင်နယ်အသင်းတွင် အငှား စာချုပ်ဖြင့် တစ်ရာသီထပ်မံကစားသွားရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

စီဘယ်လော့စ်သည် ပြီးခဲ့သည့်ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်အသင်းသို့ အငှားစာချုပ်ဖြင့် ကစားခဲ့ပြီးအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သောကြောင့် အာဆင်နယ်အသင်းက ယင်းကို အပြီးသတ်ခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်အသင်းထံသို့ ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်း ယင်းကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်အသင်းသို့ပြန်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

သို့သော် ရီးရဲလ်မက်ဒရစ်အသင်းက စီဘယ်လော့စ်ကို ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မည်မဟုတ်သည့်အတွက် ယင်းအနေဖြင့် အာဆင်နယ်အသင်းတွင် အငှားစာချုပ်ဖြင့် ထပ်မံကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ စီဘယ်လော့စ်သည် အာဆင်နယ်အသင်းနှင့်အတူ လေ့ကျင့်ခန်းအစီအစဉ်တွင် ပါဝင်သွားရန်အတွက် လိုအပ်သည့်ဆေးစစ်မှုပြုလုပ်လျက်ရှိပြီး ရာသီအကြိုခြေစမ်းပွဲစဉ်များတွင် ပါဝင်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ