နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါကိုမထိန်းချုပ်နိုင်ပါက တိုကျိုအိုလံပစ်သို့ ဟန်နာ သွားရောက်မည်မဟုတ်

စက်တင်ဘာ  ၄


လက်ရှိ တစ်ကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကို ထိန်းချုပ်နိုင်ခြင်းမရှိသေးပါက လာမယ့်  နှစ်သို့ ရွှေ့ပြောင်းကျင်းပဖို့ စီစဉ်ထားတဲ့ တိုကျိုအိုလံပစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း အိုလံပစ် မသန်စွမ်းချန်ပီယံဆု ၅ ကြိမ် ရရှိထားတဲ့ ဟန်နာကော့ရော့ဖ်က ပြောဆိုခဲ့ပါတယ်။ 

COVID-19 ရောဂါကြောင့် ယခုနှစ်မှာကျင်းပရမဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် သြဂုတ်လမှာကျင်းပရန် ပြောင်းလဲစီစဉ်ခဲ့ပါတယ်။ လာမယ့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်လိုပေမဲ့ မိမိရဲ့ ကျန်းမာရေးကို အဓိကအလေးထားရမယ်လို့ ဟန်နာကော့ရော့ဖ်က ပြောဆိုခဲ့ပါတယ်။ 

“တကယ်လို့ ဒီရောဂါသာဆက်ဖြစ်နေဦးမယ်ဆိုရင် တိုကျိုအိုလံပစ်ပွဲကို ကျွန်မ သွားဖြစ်မယ်လို့ မထင်ပါဘူး။ ဆုတံဆိပ်တွေထက် ကျွန်မရဲ့ဘဝကို ပိုပြီးတန်ဖိုးထားပါတယ်။ အားလုံးလည်း ဒီအတိုင်းဖြစ်လိမ့်မယ် ထင်ပါတယ်။ ရောဂါကိုသာမထိန်းချုပ်နိုင်ခဲ့ရင် ပြိုင်ပွဲကျင်းပနိုင်ဖို့ မလွယ်ပါဘူး”လို့ ဟန်နာကော့ရော့ဖ်က ပြောဆိုခဲ့ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ