နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဂရီဂေါ် ၉ ပွဲဆက် နိုင်ပွဲစံချိန်အတွက် ရိုင်ယန်ဝေါကာကို အနိုင်ယူ

စက်တင်ဘာ  ၄


ဗြိတိန်နဲ့ ဓနသဟာရအားကစားပြိုင်ပွဲ ဘင်တန်းဝိတ်တန်းချန်ပီယံလက်ဝှေ့သမား လီမက်ဂရီဂေါ်ဟာ ဝိတ်ဖီးလ်တွင်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ တစ်နိုင်ငံတည်းသားပြိုင်ဘက် ရိုင်ယန်ဝေါ်ကာကို အနိုင်ရကာ သူ့ရဲ့ လက်ဝှေ့သမားဘဝ ၉ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

ဓနသဟာရအားကစားပြိုင်ပွဲရဲ့ ဘင်တန်ဝိတ်တန်း၊ ချန်ပီယံဆုကို ၂၀၁၈ ခုနှစ်ကတည်းကရယူထားခဲ့တဲ့ လီမက်ဂရီဂေါ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စကော့တလန်သား ကက်ရှ်ဖာရော့ကို အနိုင်ရခဲ့တာကြောင့် ဗြိတိန် ဘင်တန်ဝိတ်တန်းချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။ ယခုတစ်ခါ ဗြိတိန်သား ရိုင်ယန်ဝေါ်ကာနဲ့ ယှဉ်ပြိုင် ထိုးသတ်ရာ ၁၀ ချီထိုးသတ်ရမယ့် ပွဲစဉ်မှာ ၅ ချီအတွင်း ပြိုင်ဘက်ကို အလဲထိုးအနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ 

လီမက်ဂရီဂေါ်ဟာ နိုဝင်ဘာလက ကက်ရှ်ဖာရော့ကိုအနိုင်ရတဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ်ဖြစ်ခဲ့တယ်လို့ ဝေဖန်မှုများခံခဲ့ရပေမဲ့ ယခုပွဲစဉ်တွင်မူ ရိုင်ယန်ဝေါ်ကာကို အငြင်းပွားဖွယ်မရှိ အနိုင်ယူပြနိုင်ခဲ့ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ