နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လောင်းမြို့တွင် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ပင်လောင်း စက်တင်ဘာ ၄


စက်တင်ဘာ ၂ ရက်၊ ည ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့၊ ရင်းမှီးရပ်ကွက်အနီး၊ လွိုင်ကော်-ပင်လောင်းသွား ကားလမ်းတွင်  ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်၍စစ်ဆေးရှာဖွေရာ ခရီးသည် မခင်ဌေးဝင်း(ခ) မျိုးမျိုး၏ လက်ဆွဲ ခြင်းနှစ်လုံးအတွင်းမှ ဘိန်းစိမ်း ၁၅ ကီလိုနှင့် ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီအချိန်တွင် ဖယ်ခုံမြို့၊ ဟိန်ဓမ္မရပ်ကွက်နေ ဒေါ်မူအားမူအား လက်ကိုင်ဖုန်းတစ်လုံးဖြင့် လည်းကောင်း၊ ည ၁၁ နာရီခွဲအချိန်တွင် ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ လွယ်ပသာကျေးရွာနေ ထွန်းအောင်အား CRV အမျိုးအစားမော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးဖြင့်လည်းကောင်း၊ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် မခင်ဌေးဝင်း(ခ)မျိုးမျိုး(၄၈)နှစ်၊ ဒေါ်မူအားမူ(၅၇)နှစ်၊ ထွန်းအောင်(၃၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

စက်တင်ဘာ ၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်အတွင်း ဒေးဗစ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ ၎င်းလွယ်ထားသည့် ဆာလာအိတ်လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ဒေးဗစ်(၂၄)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်းသိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ