နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၄


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၃ ရက်၊ ညနေ ၄ နာရီ ၃၅ မိနစ်အချိန်တွင် လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် အောင်မင်္ဂလာ ရပ်ကွက်၊ သီတာအေးဘောလုံးကွင်းပတ်လမ်းမပေါ်၌ ကျော်ဇင်လတ်ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် (ဃ)ရပ်ကွက်၊ ရွှေညောင်ပင်လမ်းမပေါ်၌ ကျော်စိုးထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကို လည်းကောင်း၊

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် (၅၃)ရပ်ကွက်၊ နွယ်သာကီလမ်းမပေါ်၌ ရဲလင်းထိုက်ထံမှ အရိုးအသွား(၃၃)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကို လည်းကောင်း၊ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီအချိန်တွင် မြောင်းတကာ-မှော်ဘီလမ်းမပေါ်၌ ချမ်းအေးကိုထံမှ အရိုးအသွား(၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ အချိန်တွင် ကျန်စစ်သားလမ်းမပေါ်၌ ရဲကျော်အောင်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်းသိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရ သည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ