ရန်ကုန် စက်တင်ဘာ ၄
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်း တာဝန်ခံအဖွဲ့ မှ
ရန်ကုန်မြို့ အနောက်ပိုင်းခရိုင်နှင့် မြို့တွင်းမြို့နယ်များအား ကုက္ကိုင်းရေလှောင်ကန်မှ အဓိကရေပေးဝေလျက်ရှိရာ ရေဖိအားညီမျှစွာရရှိစေရန်နှင့် အချိန်ပိုင်းရေပေးဝေရေးစနစ် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကုက္ကိုင်းကန်အဆင်း 42"O MS ပိုက်လိုင်းတွင် 42"O Butterfly Valve တပ်ဆင်ခြင်းလုပ်ငန်းအား
စက်တင်ဘာ ၉ ရက် နေ့ နံနက် ၉ နာရီမှ ည ၉ နာရီ အချိန်ထိ လုပ်ငန်းဆောင်းရွက်ရမည်ဖြစ်၍ လုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း ဗဟန်း၊ ဒဂုံ၊ ကြည့်မြင်တိုင်၊စမ်းချောင်း၊ ၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နှင့် အလုံ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော် နှင့် တာမွေ စသည့် မြို့နယ်များအား ရေအားလျော့နည်းပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေကြိုတင်စုဆောင်းထားနိုင်ပါရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရေရရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့ ကြိုတင်အသိပေးကြေညာထားကြောင်းသိရသည်။
မိုးမြင့်မောင်