နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗဟိုဘဏ်က ဒေါ်လာဝယ်ယူနေသော်လည်း ဒေါ်လာဈေးဆက်တိုက်ကျဆင်း

ရန်ကုန်၊  စက်တင်ဘာ  ၄


ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် ဝယ်ယူနေသော်လည်း ဒေါ်လာဈေး ဆက်တိုက်ကျဆင်း နေကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။ 

ပြီးခဲ့သည့် သြဂုတ် ၂၇ ရက်က ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းကို ဝယ်ယူခဲ့သော်လည်း သြဂုတ် ၂၇ ရက်က ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၆၀ ကျပ်အထိကျဆင်းခဲ့သည်။

ထိုသို့ ငွေလဲလှယ်နှုန်းမတည်ငြိမ်သောကြောင့် မြန်မာနိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့သည့် လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်များ အခက်တွေ့နေရသဖြင့် ငွေလဲနှုန်းတည်ငြိမ်ရန်လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။ 

လက်ရှိ ငွေလဲလှယ်နှုန်းကျဆင်းနေရခြင်း၏ အဓိကအကြောင်းအရင်းသည် အမေရိကန်နှင့် တရုတ် အဆင်မပြေမှု၊ COVID-19 ရောဂါဖြစ်ပွားမှုတို့ကြောင့် ကျဆင်းခြင်းရခြင်းဖြစ်သည်ဟုပြောသည်။ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖွင့်လှစ်ဆောင်ရွက်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဖွင့်လှစ်ဆောင်ရွက်နေသည့် နိုင်ငံခြားငွေ ဈေးပြိုင်လေလံသည် ငွေလဲနှုန်း ကို နှုန်းထားတစ်ရပ်တွင် ရှိနေစေရန်ဖြစ်စေ၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်စေရန်ဖြစ်စေ သို့မဟုတ် ကျဆင်းစေရန် ဖြစ်စေ ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်ကြောင်း အသိပေးကြေညာထားသည်။ 

ပြည်တွင်းငွေကြေးဈေးကွက်၌ ယခုနှစ် လအလိုက် ဖြစ်ပေါ်သေ ာနိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့်     အမြင့်ဆုံးနှုန်းများမှာ ဇန်နဝါရီလတွင် ၁၄၆၅ ကျပ်မှ ၁၄၉၃ ကျပ်၊  ဖေဖော်ဝါရီလတွင် ၁၄၃၆ ကျပ် မှ ၁၄၆၅ ကျပ်၊ မတ်လတွင် ၁၃၂၀ ကျပ်မှ ၁၄၄၅ ကျပ်၊ ဧပြီလတွင် ၁၃၉၅ ကျပ်မှ ၁၄၄၀ ကျပ်၊ မေလတွင် ၁၄၀၆ ကျပ်မှ ၁၄၂၆ ကျပ်၊ ဇွန်လတွင် ၁၄၁၂ ကျပ်မှ ၁၃၈၅ ကျပ်၊ ဇူလိုင်လတွင် ၁၄၁၀ ကျပ်မှ ၁၃၆၇ ကျပ်နှင့် ဩဂုတ်လတွင် ၁၃၉၇ ကျပ်မှ -၁၃၃၈ ကျပ် ဖြစ်သည်။ 


(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ