ရန်ကုန်၊ စက်တင်ဘာ ၄
Covid-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပျံ့နှံမှုမဖြစ်ပွားစေရေးအတွက် လူစုလူဝေးဖြင့် ဆောင်ရွက်ရ သည့် ယာဉ်မောင်းလိုင်စင်ဖြေဆိုစစ်ဆေးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၃ရက်မှစ၍ ခေတ္တရပ်ဆိုင်းထား ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ယာဉ်မောင်းလိုင်စင်ဖြေဆိုစစ်ဆေးခြင်းလုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားသော်လည်း မော်တော်ယာဉ်အမည်ပြောင်းနှင့် သက်တမ်းတိုးဆောင်ရွက်မှုများ၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း၊ သင်မောင်းလိုင်စင် အသစ်လုပ်ဆောင်ခြင်းများကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ပေးနေကြောင်း သိရ သည်။
လူစုလူဝေးဖြင့်ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပညာပေးသင်တန်းများ၊ ယင်းသင်တန်း နှင့် ဆက်စပ်လျက်ရှိသော ယာဉ်မောင်းလိုင်စင်ဖြေဆိုစစ်ဆေးခြင်းလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်မည့်ရက် ကိုလည်း ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
(မေဘယ်လ်အောင်)