နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတ်မှတ်ချိန်ထက်ကျော်လွန်ပြီး ဖွင့်လှစ်သည့် KTV ဆိုင်များ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရအရေးယူ

မူဆယ် စက်တင်ဘာ ၄


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် COVID-19 ရောဂါဖြစ်ပွားနေသော ကာလအတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်တားဆီးနိုင်ရန်အလို့ငှာ COVID 19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီမှ KTV / Night Club များ ဖွင့်လှစ်ခြင်းမပြုရန် အမိန့်နှင့်ညွှန်ကြားချက်အား လိုက်နာခြင်းမရှိဘဲ  ဖွင့်လှစ်လုပ်ကိုင်နေသည့် ဗဟန်းမြို့နယ်၊ သာသနာ့ရိပ်သာ ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ်(၂၄)ရှိ LAX KTV ဆိုင်အား ဩဂုတ် ၂ ရက်၊ ည ၁၀ နာရီ ၅၀ မိနစ်ချိန်တွင် လည်းကောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၅)ရပ်ကွက်၊ ပြည်ထောင်စုလမ်း၊ အမှတ်(၁၁၁/၁၁၂)ရှိ  Privacy KTY ဆိုင်အား ည ၁၁ နာရီခွဲတွင်လည်းကောင်း ဝင်ရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးခဲ့ရာ LAX KTV ဆိုင်မှ မန်နေဂျာ ကျော်မျိုးထွန်း၊ ဆိုင်ဝန်ထမ်း(၂)ဦး၊ အကူသီဆိုသူ အမျိုးသမီး(၂)ဦး၊ လာရောက်သီဆိုသူ အမျိုးသား(၁)ဦး၊  စုစုပေါင်း ၆ ဦးအားလည်းကောင်း၊ Privacy KTV ဆိုင်မှ မန်နေဂျာကျော်ယု(ခ) အောင်ကျော်လင်း၊ ဆိုင်ဝန်ထမ်းများ၊ အကူသီဆိုသူအမျိုးသမီးများနှင့်  လာရောက်သီဆိုသူများ စုစုပေါင်း ၃၈ ဦးအားလည်းကောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် အဆိုပါ KTV ဆိုင်(၂)ဆိုင်မှ ဆိုင်ပိုင်ရှင် ၂ ဦးနှင့် မန်နေဂျာ  ၂ ဦးတို့ကို သက်ဆိုင်ရာရဲစခန်းအသီးသီး၌ သဘာဝဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


 ဆွေဦး






အခြားဆက်စပ်သတင်းများ