နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်မီ ၇ ရက်အလိုမှစ၍ ဖေ့ဘွတ်ခ်ပေါ်တွင် နိုင်ငံရေးကြော်ငြာတစ်ခုမျှ ဖော်ပြမည်မဟုတ်ဟု ဆို

စက်တင်ဘာ ၄၊ ဝါရှင်တန်


အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်မီ ၇ ရက်အလိုမှစ၍ ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်၌ မည်သည့်နိုင်ငံရေးကြော်ငြာမျှ ဖော်ပြမည်မဟုတ်ကြောင်း ဖေ့ဘွတ်ခ်ကုမ္ပဏီက ကြေညာခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံမှ မဲဆန္ဒရှင်များမဟုတ်ဘဲ အခြားနိုင်ငံမှ အသုံးပြုသူများကို ပစ်မှတ်ထားသည့် ရှိရင်းစွဲ ကြော်ငြာများကို  ဖေ့ဘွတ်ခ်က ဆက်လက်ကြော်ငြာခွင့်ပေးမည်ဖြစ်သည်။


အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲရေတွက်နေချိန်အတွင်း ကိုယ်စားလှယ်တစ်ဦးဦးက ယင်း အနိုင်ရပြီဟု ရေးသားဖော်ပြသည့် ပို့စ်များကို အတည်မပြုနိုင်သေးသည့် ရေးသားချက်များအဖြစ် အမှတ်အသားတစ်ခုခု ဖော်ပြမည်ဟု ဖေ့ဘွတ်ခ်အမှုဆောင်ချုပ် မက်ခ်ဇူကာဘတ်က ပြောသည်။


ဖေ့ဘွတ်ခ်ကုမ္ပဏီက ချမှတ်ခဲ့သည့် စည်းမျဉ်းသစ်များမှာ အနာဂတ်ကာလ ရွေးကောက်ပွဲများတွင် ဖေ့ဘွတ်ခ်လူမှုကွန်ရက်က ကျင့်သုံးမည့် နည်းလမ်းများ၏ အဦးအစ ဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကာရိုလိုင်းနားပြည်နယ်ရှိ မဲဆန္ဒရှင်များကို ၂ ကြိမ် မဲပေးရန် အားပေး အားမြှောက်လုပ်သည့် ဗီဒီယိုများကို ဖယ်ရှားသွားမည်ဟု ဖေ့ဘွတ်ခ်ကုမ္ပဏီက ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ