နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနိုင်ငံရှိ တိုက်ခန်းတစ်ခုအတွင်းမှ ကလေးငယ်ငါးဦး၏ ရုပ်အလောင်းများ တွေ့ရှိ

စက်တင်ဘာ ၄၊ ဘာလင်


ဂျာမနီနိုင်ငံ အနောက်ပိုင်း ဆိုလင်ဂျန်မြို့ရှိ အိမ်ရာဝင်းအတွင်းမှ တိုက်ခန်းတစ်ခုတွင် ကလေးငါးဦး၏ ရုပ်အလောင်းများ တွေ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ အသက် ၂၇ နှစ်အရွယ်ရှိသည့် မိခင်ဖြစ်သူက ကလေးများကို သတ်ခဲ့ပြီး ဒက်ဆယ်ဒေါ့ဖ်မြို့ ရထားဘူတာရုံတွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်မည်ဟု ရဲတပ်ဖွဲ့က ယူဆနေသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းမရှိသကဲ့သို့ ကလေးငယ်များ သေဆုံးရသည့် အကြောင်းရင်းကိုလည်း ဖော်ပြခြင်းမရှိသေးပေ။


ကလေးငယ် ၅ ဦးမှာ မိန်းကလေးသုံးဦး၊ ယောကျ်ားလေး နှစ်ဦးဖြစ်ပြီး အသက်တစ်နှစ်မှ ရှစ်နှစ်ကြား အရွယ်ရှိသူများဖြစ်သည်။ အဆိုပါမိသားစုမှ ၆ ဦးမြောက် ကလေးဖြစ်သည့် အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးမှာ အသက်ရှင်သန်ခဲ့သည်ဟု ဆိုသည်။ ဆိုလင်ဂျန်မြို့နှင့် ၃၇ မိုင်ကွာဝေးသည့် မိုချန်ဂလတ်ဘတ်မြို့တွင် နေထိုင်သည့် ကလေးငယ်များ၏ အဘွားဖြစ်သူက အရေးပေါ်အဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဂျာမနီနိုင်ငံအခြေစိုက် Bild မီဒီယာက ဖော်ပြသည်။


ကလေးငယ်များ၏မိခင်မှာ ဒက်ဆယ်ဒေါ့ဖ်ဘူတာရုံတွင် ရထားရှေ့ ပစ်လှဲချခဲ့သည့်ဖြစ်ရပ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး ဆေးရုံတွင် ရဲအစောင့်အကြပ်ဖြင့် ကုသမှုခံယူလျက်ရှိသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့နှောင်းပိုင်းက အဆိုပါအိမ်ရာဝင်းတွင် နေထိုင်သူများက ကလေးငယ်များအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်လုပ်သည့်အနေဖြင့် အဆောက်အအုံဝင်ပေါက်တွင် ပန်းများ၊ ဖယောင်းတိုင်များ ချထားခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ