နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတရွေးကောက်ပွဲတွင် ၂ ကြိမ်မဲပေးကြရန် မြောက်ကာရိုလိုင်းနားဒေသခံများကို ဒေါ်နယ်ထရမ့် တိုက်တွန်း

စက်တင်ဘာ ၄၊ ဝါရှင်တန်


၂ ကြိမ်မဲပေးခြင်းမှာ တရားမဝင်သော်လည်း လာမည့်နိုဝင်ဘာလ သမ္မတရွေးကောက်ပွဲတွင် ၂ ကြိမ် မဲပေးကြရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ပိုင်းကာရိုလိုင်းနားပြည်နယ်တွင် နေထိုင်သူများကို ပြောခဲ့သည်။ မဲပေးသူများအနေဖြင့် စာတိုက်မှ မဲပေးသည့်စနစ်ကို စမ်းသပ်ရန်အတွက် စာတိုက်မှ မဲပေးပြီး လူကိုယ်တိုင်လည်း သွားရောက်မဲပေးကြရန် ဒေါ်နယ်ထရမ့်က အကြံပြုခဲ့သည်။


စာတိုက်မှတစ်ဆင့် မဲပေးမှုကြောင့် မဲမသမာမှုများ ဖြစ်ပွားရသည်ဆိုသည့် အချက်အလက်အမှားများကို ဒေါ်နယ်ထရမ့်က မကြာခဏ ပြောကြားလေ့ရှိသည်။ '' စာတိုက်ကလည်း မဲပေးကြပါ။ လူကိုယ်တိုင်လည်း မဲသွားပေးပါ။ အဲဒီစနစ်က သူတို့ပြောတဲ့အတိုင်းသာ ကောင်းတယ်ဆိုရင် သူတို့က လူကိုယ်တိုင် မဲပေးခံမှာမဟုတ်ပါဘူး''ဟု ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် ဒေါ်နယ်ထရမ့်က မြောက်ကာရိုလိုင်းနားရုပ်သံလိုင်း WECT-TV သို့ ပြောခဲ့သည်။


ရွေးကောက်ပွဲတွင် ကစဉ့်ကလျားအခြေအနေမျိုး ဖန်တီးနိုင်အောင် ကူညီပေးရန်အတွက် ဒေါ်နယ်ထရမ့်က လူထုကို ဥပဒေချိုးဖောက်ရန် အားပေးအားမြှောက်လုပ်နေသည်ဟု  မြောက်ကာရိုလိုင်းနားပြည်နယ် ရှေ့နေချုပ် ဂျို့စ်စတိန်းက တွစ်တာပေါ်တွင် ဝေဖန်ခဲ့သည်။


'' မဲ ပေးကြပါ။ ဒါပေမဲ့ ၂ ကြိမ်တော့ မဲမပေးပါနဲ့။ နိုဝင်ဘာလရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒအတိုင်း ဖြစ်လာစေဖို့ ကျွန်တော့်လုပ်ပိုင်ခွင့်ဘောင်ထဲကနေ အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု ဂျို့စ်စတိန်းက ပြောသည်။


ဒေါ်နယ်ထရမ့်မှာ မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝီလ်မင်တန်မြို့ကို အမေရိကန်နိုင်ငံ၏ ဒုတိယကမ္ဘာစစ် အမွေအနှစ်မြို့အဖြစ် တရားဝင်သတ်မှတ်ရန် အဆိုပါမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ပြည်နယ်တစ်ခုချင်းစီအလိုက် သီးခြားလုပ်ဆောင်ကြခြင်းဖြစ်သည်။ စာတိုက်မှ မဲပေးသူများကို လူကိုယ်တိုင် မဲပေးခွင့်ပေးမည်မဟုတ်ကြောင်း မြောက်ကာရိုလိုင်းနားပြည်နယ် ရွေးကောက်ပွဲဘုတ်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဘရင်ဆန်ဘဲလ်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ