နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေရွတ်မြို့ပေါက်ကွဲမှုအပြီး တစ်လအကြာတွင် အပျက်အစီးများအောက်မှ နှလုံးခုန်သံကြားရ၍ ရှာဖွေမှုများ ပြုလုပ်နေ

စက်တင်ဘာ ၄၊ ဘေရွတ်


လက်ဘနွန်နိုင်ငံမြို့တော် ဘေရွတ်မြို့ကို အပျက်အစီးပုံ ဖြစ်စေခဲ့သည့် ဧရာမပေါက်ကွဲမှု ဖြစ်ပွားခဲ့ ပြီးနောက် တစ်လကြာမြင့်နေပြီဖြစ်သော်လည်း အပျက်အစီးများအောက်တွင် အသက်ရှင်နေသူတစ်ယောက် ရှိနေနိုင်သည်ဆိုသော သတင်းများကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက အပျက်အစီးများကြားတွင် ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။ နှလုံးခုန်သံကြားရသည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ဘေရွတ်မြို့ရှိ မားမီခေးဒေသသို့ အထူးအာရုံခံကိရိယာ ပေးပို့ခဲ့သည်။


ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ချီလီနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေမှုလုပ်ချိန်တွင် အဆိုပါ အဆောက်အအုံရှေ့၌ လူသူအများအပြား လာရောက်စုဝေးခဲ့ကြသည်။ သို့သော် အပျက်အစီးများ အောက်တွင် ပိတ်မိနေသည်ဟုဆိုကြသူမှာ အသက်ရှင်နေခြင်း ရှိ၊ မရှိ တိတိကျကျ မသိရသေးပေ။ အဆောက်အအုံ ပြိုကျလာမည်ကို စိုးရိမ်ပူပန်နေကြပြီး အပျက်အစီးများကို ဖယ်ရှားရန် ကရိန်းမရှိသည့် အတွက် ကယ်ဆယ်ရေးအဖွဲ့များက ညဉ့်သန်းခေါင်ယံအချိန်တွင် ရှာဖွေမှုများကို ဆိုင်းငံ့ခဲ့သော်လည်း လုပ်အားပေးများက လက်ဖြင့် တူးဖော်ရှာဖွေမှုများ ပြုလုပ်နေဆဲဟု သတင်းများက ဖော်ပြသည်။ လက်ရှိအချိန်တွင် အလှူရှင်များ ပံ့ပိုးပေးသည့် ကရိန်းများ အဆိုပါနေရာသို့ ရောက်ရှိလာပြီး ချီလီနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များလည်း အလုပ်ပြန်လုပ်နေကြပြီဖြစ်သည်။

စက်တင်ဘာလ ၁ ရက် က လက်ဘနွန်နိုင်ငံသို့ ရောက်ရှိလာသည့် ချီလီကယ်ဆယ်ရေးသမားများနှင့်အတူ ပါလာသည့် အထူး အာရုံခံကိရိယာမှာ မြေအောက်အနက် ၄၉ ပေအကွာမှ အသက်ရှူသံကို အာရုံခံနိုင်စွမ်းရှိသည်ဟု ဆိုသည်။


သြဂုတ်လ ၄ ရက်က ဘေရွတ်မြို့ ဆိပ်ကမ်းတွင် မလုံမခြုံသိုလှောင်ထားသည့် အမိုနီးယန်းနိုက်ထရိတ် အလေးချိန် ၂၇၅၀ တန် ပေါက်ကွဲမှုကြောင့် လူ ၂၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၃၀၀၀၀၀ နီးပါး အိမ်ခြေရာမဲ့ ဖြစ်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ