နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူဆယ် စက်တင်ဘာ ၃


စက်တင်ဘာ ၂ ရက်၊ ညနေ  ၆ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ မင်္ဂလာမူဆယ်ဈေးသွားကားလမ်းရှိ စားသောက်ဆိုင်အနီးတွင် မနန်းထွေးကြည်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားရပ်တန့်၍စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြား ရှိလက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂,၀၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။ 

ဆက်လက်၍ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်တွင် အဆိုပါနေရာ၌ပင် NISSAN X-TRAIL အမျိုးအစား မော်တော်ယာဉ်နှင့် Crown အမျိုးအစားမော်တော်ယာဉ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသူ စိုင်းလှအောင်၊ စိုင်းလောက်ခေး၊ စိုင်းလှိုင်းဆိုင်တို့ ၃ ဦးအား စစ်ဆေးရှာဖွေရာ Crown အမျိုးအစားမော်တော်ယာဉ်၏ နောက်ဖုံးအတွင်းရှိ ကတ်ထူပုံးအတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုနှင့် ၎င်းတို့ထံမှ လက်ကိုင်ဖုန်း ၃ လုံးကို သိမ်းဆည်းမိခဲ့ပြီး၊ ကွင်းဆက်အရ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်နေ ဟော်ဂေါန်ခန့် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ ကတ်ထူပုံးအတွင်းမှ ဘိန်းဖြူ      ၀ ဒသမ ၁၁ ကီလိုနှင့် ၎င်းထံမှ လက်ကိုင်ဖုန်းတစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် မနန်းထွေးကြည်(၂၅)နှစ်၊ စိုင်းလှအောင် (၃၀)၊ စိုင်းလောက်ခေး(၂၈)နှစ်၊ စိုင်းလှိုင်းဆိုင်(၂၆)နှစ်၊ ဟော်ဂေါန်ခန့်(၃၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။ဆွေဦး






အခြားဆက်စပ်သတင်းများ