နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်း ၆,၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ပြင်ဦးလွင် စက်တင်ဘာ ၃


 စက်တင်ဘာ ၂ ရက်၊ နံနက် ၆ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအနီးတွင် မအေးလှ မောင်းနှင်သည့် LANDCRUISER အမျိုးအစားမော်တော်ယာဉ်နှင့် ၎င်းယာဉ်နောက်မှ စိုင်းလူ မောင်းနှင်ပြီး စိုင်းဟန်အောင်၊ စိုင်းမောင်တို့ လိုက်ပါလာသည့် Mark II အမျိုးအစား မော်တော်ယာဉ် ၂ စီးတို့အား ရပ်တန့်၍စစ်ဆေးရှာဖွေရာ Mark II ယာဉ်၏နောက်ဖုံးအတွင်းမှ ဘိန်းဖြူ ၈ ဒသမ ၈ ကီလိုနှင့် ၎င်းတို့ထံမှ လက်ကိုင်ဖုန်း ၅ လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် စိုင်းလူ(၂၅)နှစ်၊ စိုင်းဟန်အောင်(၁၆)နှစ်၊ စိုင်းမောင်(၁၅)နှစ်၊ မအေးလှ(၅၃)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 

စက်တင်ဘာ ၂ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၀ x ၆၁ လမ်းကြား၊ ၁၀၇ လမ်းပေါ်၌ စိုးမိုး(ခ)ပိုင်ကြီး၊ ညီညီဝင်း၊ သိန်းဇော်တို့အား မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  ၎င်းတို့  ၃ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၉၄၆ ပြား၊ လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် စိုးမိုး(ခ)ပိုင်ကြီး(၂၈)နှစ်၊ ညီညီဝင်း(၄၇)နှစ်၊ သိန်းဇော်(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ