ရန်ကုန်၊ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတို့ ပူးပေါင်းပြီး COVID-19 ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များကို ငွေကြေးထောက်ပံ့ပေးနိုင်ရန် အတွက် ငွေဗိုက်(Application) ပြုလုပ်နည်း၊ စာရင်းရေးသွင်းနည်းနှင့် လုပ်ငန်းစဉ်များရှင်းလင်းခြင်းတို့ကို တံတားမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ဩဂုတ် ၁ ရက်မှ ယင်းရက်နောက်ပိုင်း မွေးဖွား သည့် မိခင်များကို COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ်သက်ရောက်မှုများကို လျော့ပါးသက်သာစေရန် ရည်ရွယ်၍ လူမှုဝန်ထမ်းဦးစီးဌာနက ငွေကျပ် ၃၀၀၀ဝ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ ၅ ရက်တွင် တံတားမြို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စာရင်းရေးသွင်းသည့်ကာလကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထားပြီး ကိုယ်ဝန် ဆောင် မိခင်များအနေဖြင့် ကျန်းမာရေးဌာနမှထုတ်ပေးထားသော ကျန်းမာရေးစောင့်ရှောက်မှုမှတ်တမ်း၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့် မိမိတို့အမြဲတမ်းအသုံးပြုလျက်ရှိသော ဖုန်းနံပါတ်၊ ကလေးမွေးဖွားပြီး မိခင်ဖြစ်ပါက မွေးစာရင်းတို့အား ယူဆောင်လာရမည်ဖြစ်ကြောင်း သိရှိရသည်။
တင်နိုင်ဝင်း (တံတား)