ရန်ကုန်၊ စက်တင်ဘာ ၃
ပုဇွန်တောင်မြို့နယ် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ မြို့နယ်အတွင်းနေ မိဘ ပြည်သူများ အမှိုက်စွန့်ပစ်မှုလွယ်ကူစေရေးအတွက် လူအသွားအလာများသည့်နေရာများတွင် အမှိုက် စည်းကမ်းတကျစွန့်ပစ်ရန် အမှိုက်ပုံးများချထားပေးပြီး COVID-19 ကာလ၌ ရောဂါပြန့်ပွားမှုမရှိစေရေး စနစ်တကျအမှိုက်သိမ်းဆည်းပေးလျက်ရှိပြီး အမှိုက်ပုံးများကိုလည်း နေ့စဉ် တာဝန်ခံ ဦးမျိုးသန့်နှင့် ဒုတိယ တာဝန်ခံ ဦးဟိန်းလတ်စိုးတို့က ကြီးကြပ်လျက် စက်တင်ဘာ ၃ ရက်က အမှိုက်ပုံးများ အနံ့အသက်ကင်းစင် စေရေး ရေဖြင့်ဆေးကြောခြင်း၊ ဆပ်ပြာနှင့် ပိုးသတ်ဆေးများပက်ဖျန်း၍ ဆေးကြောပေးလျက်ရှိသည်ကို တွေ့မြင်ရစဉ်။
(မောင်မောင်)