နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်နှင့် ကိုင်ရိုအကြား Relief Flight များ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ပျံသန်းပြေးဆွဲပေးမည်

ရန်ကုန် စက်တင်ဘာ ၃

မြန်မာအမျိုးသားလေကြောင်း(MNA)အနေနှင့် ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလ အတွင်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အကြား ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)များကို စက်တင်ဘာ  ၈ ရက်နှင့် ၉ ရက်တို့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-ကိုင်ရို၊ ကိုင်ရို-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲရန် စီစဉ် ထားခြင်းဖြစ်ပြီး မိမိတို့နေရပ်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ရန်ကုန်-ကိုင်ရို-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ကို ပျံသန်းပြေးဆွဲရန် စီစဉ်ရခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ပျံသန်းပြေးဆွဲရာတွင် ရန်ကုန်-ကိုင်ရို Relief Flight သည် စက်တင်ဘာ ၈ ရက်၊ နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ကိုင်ရို-ရန်ကုန် Relief Flight မှာမူ စက်တင်ဘာ ၉ ရက်၊ ညနေ ၄ နာရီတွင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ ဖြစ်မြောက်ရေးအတွက် မြန်မာအမျိုးသားလေကြောင်း(MNA)နှင့်အတူ သက်ဆိုင်ရာသံရုံးများမှလည်း ပူးပေါင်းကူညီဆောင်ရွက်ကြကြောင်း သိရသည်။

ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများ ကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ အသေးစိတ်အချက်အလက်များ သိရှိလိုပါက MNA Call Center ဖုန်းနံပါတ် +951 378603-04-06-07 နှင့် +951 377840-41-42 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာအမျိုးသားလေကြောင်း(MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် များအတွက်လည်း သက်ဆိုင်ရာ အစိုးရ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက်များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ