နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
PUBG MOBILE ၏ Myanmar Championship 2020 Spring Split ဖိုင်နယ် ဂိမ်းပြိုင်ပွဲကြီးကို Online သီးသန့်ပြိုင်ပွဲအဖြစ် ကျင်းပသွားမည်

၂၀၂၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Yangon Convention Center(YCC)၌ ကျင်းပရန် မူလစီစဉ်ထားရှိသော PUBG MOBILE Myanmar Championship 2020 Spring Split ဖိုင်နယ်အဆင့် ဂိမ်းပြိုင်ပွဲကြီးကို Online သီးသန့်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပသွားမည်ဖြစ်ပြီး ပရိသတ်များ ဘေးကင်းလုံခြုံစွာ ကြည့်ရှုအားပေးနိုင်ရန် PUBG MOBILE ၏ မြန်မာနိုင်ငံ တရားဝင် Facebook Page တွင် တိုက်ရိုက် LIVE Stream ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ရိုက်ခတ်နေသော COVID-19 အခြေအနေကြောင့် မြန်မာ နိုင်ငံမှ PUBG MOBILE ကစားသမားများနှင့် PUBG MOBILE ပရိသတ်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် Online သီးသန့်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။ PUBG MOBILE ပရိသတ်များနှင့် ပြိုင်ပွဲ၏ ဖိုင်နယ်အဆင့်ထိ တက်ရောက်လာသော ကစားသမားအသင်း များ၏ အမာခံပရိသတ်များအနေဖြင့် မိမိလုံခြုံဘေးကင်းရာတွင် နေထိုင်ရင်း ဖိုင်နယ်ပြိုင်ပွဲကြီးကို ကြည့်ရှုခံစား အားပေးနိုင်ရန် မတ်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တွင် မွန်းလွဲ ၁ နာရီမှ ည ၈ နာရီထိ PUBG MOBILE ၏ မြန်မာနိုင်ငံ Facebook Page မှ တိုက်ရိုက် LIVE Stream ပြသသွားမည်ဖြစ်သည်။ ယခု PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ ဖိုင်နယ်အဆင့်မတိုင်မီ ပြိုင်ပွဲဝင်အသင်းများသည် တစ်အုပ်စုလျှင် အသင်း ၂၀ ဖြင့် အုပ်စု ၆၀ ခွဲကာ အွန်လိုင်း Round ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်း ၁၆ သင်း နှင့် ပြီးခဲ့သော ၂၀၁၉ ခုနှစ်တွင် PUBG MOBILE Myanmar Championship Offline ဂိမ်းပြိုင်ပွဲကြီးမှ ပထမနှင့် ဒုတိယရရှိသော အသင်း ၂ သင်း၊ စုစုပေါင်း ၁၈ သင်းသည် PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲ Final အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခု PUBG MOBILE Myanmar Championship 2020 Spring Split ပြိုင်ပွဲတွင် အဆင့် ၁ အနိုင်ရသည့် အသင်းကို ကျပ်သိန်း ၁၅၀၊ အဆင့် ၂ ရရှိသည့် အသင်းကို ကျပ်သိန်း ၁၀ဝ၊ အဆင့် ၃ ရရှိသည့် အသင်းကို ကျပ် သိန်း ၆၀၊ အဆင့် ၄ ရရှိသည့် အသင်းကို ကျပ်သိန်း ၃၀၊ အဆင့် ၅ မှ ၈ ရရှိသည့် အသင်းများကို ကျပ် ၁၅ သိန်းစီ၊ အဆင့် ၉ မှ ၁၈ ရရှိသည့် အသင်းများကို ကျပ် ၁၀ သိန်းစီ ဆုကြေးငွေများ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။ . AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ