နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်အာဖရိကနိုင်ငံတွင် COVID-19 ရန်ပုံငွေကို အလွဲသုံးစားလုပ်မှုများ တွေ့ရှိ

စက်တင်ဘာ ၃၊ ဂျိုဟန်နက်စ်ဘတ်


တောင်အာဖရိကနိုင်ငံ၏ COVID-19 ရောဂါ ဘေးဒုက္ခ သက်သာလျော့ပါးရေးရန်ပုံငွေ အသုံးပြုမှုနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် မတန်တဆဈေးနှုန်းဖြင့် ဝယ်ယူခြင်း၊ ငွေကြေးမသမာမှု ကျူးလွန်ခြင်း စသည့် လုပ်ရပ်များ တွေ့ရသည်ဟု စာရင်းစစ်ချုပ်က ပြောသည်။ စာရင်းစစ်အဖွဲ့၏ တွေ့ရှိချက်များမှာ ကြောက်ခမန်းလိလိ ဖြစ်သည်ဟု စာရင်းစစ်ချုပ် မက်ဝီတူက ပြောသည်။ အချို့ဖြစ်ရပ်များတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံများကို အမျိုးသားဘဏ္ဍာရေးဦးစီးဌာနက အကြံပြုထားသည့် ဈေးနှုန်းထက် ၅ ဆ ပိုများသည့် ဈေးနှုန်းဖြင့် ဝယ်ယူခဲ့ကြသည်။ ဘေးဒုက္ခ သက်သာလျော့ပါးရေး ရန်ပုံငွေ ချထားပေးမှု ၃၀၀၀၀ ကို နောက်ထပ်စုံစမ်းစစ်ဆေးမှုလုပ်ရန် လိုအပ်သည်ဟု အဆိုပါအစီရင်ခံစာတွင် တွေ့ရှိခဲ့သည်။


မက်ဝီတူ ဦးဆောင်သည့် စာရင်းစစ်အဖွဲ့မှာ တောင်အာဖရိကနိုင်ငံ ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏ၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသည့် ရန်းငွေ ဘီလျံ ၅၀၀ (အမေရိကန်ဒေါ်လာ ၂၆ ဘီလျံ)ကို အသုံးပြုခဲ့ခြင်းနှင့်ပတ်သက်၍ ခြေရာခံစုံစမ်းစစ်ဆေးခဲ့သည်။ ဘေးဒုက္ခ သက်သာလျော့ပါးစေရေး ရန်ပုံငွေမှာ ချို့တဲ့နွမ်းပါးသည့် မိသားစုများကို အစားအစာထုပ်များ ဝေငှခြင်း၊ အလုပ်လက်မဲ့ ခံစားခွင့်ပေးခြင်း၊ အသေးစားလုပ်ငန်းများနှင့် စီးပွားရေးသမားများကို ထောက်ပံ့ခြင်း၊ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ ဝယ်ယူခြင်း စသည့်ကိစ္စရပ်များအတွက် အသုံးပြုရသည့် ငွေကြေးဖြစ်သည်။
Ref:BBC(KNT)







အခြားဆက်စပ်သတင်းများ