နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာတွင် Mask မတပ်သူများကို အရေးယူမည်

ရန်ကုန် စက်တင်ဘာ  ၃

လှိုင်သာယာ(အရှေ့/အနောက်)မြို့နယ်အတွင်း Mask မတပ်ဘဲ အပြင်ထွက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု လှိုင်သာယာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များထံမှ သိရသည်။

''ဘယ်နေရာတွေမှာ ဆောင်ရွက်သွားမလဲဆိုတာက အဖွဲ့တွေနဲ့ ဆက်ပြီးတိုင်ပင်နေတယ်။ အသေးစိတ် မသိရသေးဘူး။ နှစ်နေရာလောက်မှာတော့ တစ်ပြိုင်နက်တည်းလုပ်မှာပေါ့''ဟု လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

COVID-19 ရောဂါကူးစက်မှု လျင်မြန်လာသည့်အပြင် လှိုင်သာယာတွင်လည်း အတည်ပြုလူနာသစ် ၄ ဦး ထပ်တွေ့ထားခြင်းဖြစ်သည့်အတွက် မြို့နယ်ကိုဗစ်ကော်မတီမှ ဦးဆောင်ကာ ဌာနဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်း လုပ်ဆောင်ရန် စီစဉ်လိုက်ခြင်းဖြစ်သည်ဟု ယင်းက ပြောသည်။

''အရေးယူမယ်ဆိုတာ တရားရုံးကိုတော့ မပို့ဘူး။ အဲဒီကိုပို့ရင် ဒဏ်ငွေဆောင်ရမယ်၊ မလိုအပ်ဘဲ အချိန်တွေ ကုန်သွားမယ်။ ကိုယ်တို့ဆီမှာက လက်လုပ်လက်စားသမားတွေများတယ်။ သူတို့ကိုလည်း တအားကြီးထိခိုက်သွားအောင် မဖြစ်စေချင်ဘူး''ဟု ဦးမြတ်မင်းသူက ပြောသည်။ ယခုကဲ့သို့ တရားရုံးကို မပို့ဘူးဆိုသော်လည်း Mask မတပ်ဘဲ အပြင်ထွက်လာသူများကို ပညာပေးစင်တာသို့ ခေါ်ဆောင်ကာ COVID-19 နှင့်ပတ်သက်သည့် အသိပညာများကို တစ်နာရီ၊ တစ်နာရီခွဲခန့်ကြာအောင် ပညာပေးပြီးမှ ပြန်လွှတ်သွားမည်ဟု ဦးမြတ်မင်းသူက ပြောသည်။


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ