နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျာမနီနဲ့ စပိန် နေးရှင်းလိဂ်မှာထိပ်တိုက်တွေ့ဆုံ

စက်တင်ဘာ  ၃


ယခုသီတင်းပတ်အတွင်းမှာ နေရှင်းလိဂ်ပွဲစဉ်များ စတင်ကျင်းပတော့မှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ စတုဂတ်     မြို့မှာ ကစားကြရမဲ့ နေရှင်းလိဂ်(က) အုပ်စု(၄)မှ ဂျာမနီနဲ့ စပိန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ပွဲစဉ်က စောင့်ကြည့်ချင်စရာပွဲတစ်ပွဲပါ။ ဂျာမနီဟာ လက်ရှိကမ္ဘာ့အဆင့်(၁၅)မှာ ရပ်တည်နေပြီး စပိန်ကတော့ အဆင့်(၈) မှာ ရပ်တည်နေပါတယ်။ ဂျာမနီမှာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပြိုင်ပွဲမှာ အုပ်စုတတိယနေရာသာရရှိခဲ့ပြီး နိုင်ပွဲလည်းမရခဲ့ပါ။


ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုအဆင့်ကနေထွက်ခဲ့ရတာကြောင့် ဂျာမနီတို့ အပြောင်း အလဲ လုပ်ဖို့ ဖိအားပေးခံရပါတယ်။ ဂျာမနီအသင်းမှာ ကာလရှည်ကစားနေတဲ့ သောမတ်မူလာ၊ ဘိုတန်တို့ ကဲ့သို့ ကစားသမားများ အနားယူသွားပါပြီ။ ဒါပေမယ့် ဂျာမနီဟာ မျိုးဆက်သစ်ကစားသမား စဉ်ဆက်မပြတ် ထွက်ပေါ်နေတာကြောင့် ယူရို ၂၀၂၀ အတွက် ခြေစစ်ပွဲကို အခက်အခဲမရှိ အောင်မြင်ခဲ့ပါတယ်။


စပိန်က ပထမဆုံးနေရှင်းလိဂ်မှာ ဒုတိယသာရခဲ့တာပါ။ စပိန်နည်းပြ လူးဝစ်အင်းနရစ် လက်ရွေးစဉ် အသင်းကို တစ်ကျော့ပြန်ကိုင်တွယ်ခဲ့တာပါ။ စပိန်နဲ့ ဂျာမနီတို့ကစားတဲ့ပွဲဟာ ပြိုင်ဘက်ဟောင်းများဖြစ်နေပေမဲ့  နှစ်သင်းစလုံးက မျက်နှာသစ်ကစားသမားများကို အားဖြည့်ခေါ်ယူထားကြပါတယ်။ နေရှင်းလိဂ်ပြိုင်ပွဲထက်  ၂၀၂၁ (ယူရို) ပြိုင်ပွဲမှာတောင့်တင်းတဲ့အသင်းအဖြစ် ပြိုင်ဆိုင်နိုင်ရန် ရည်ရွယ်ထားတဲ့ ပုံစံမျိုးလည်းဖြစ်ပါတယ်။ ဂျာမနီက ယူရို ၂၀၂၁ ပြိုင်ပွဲခြေစစ်ပွဲမှာ ၇ ပွဲနိုင်ကာ ၁ ပွဲသာရှုံးနိမ့်ကာ ၃၀ ဂိုးသွင်းပြီး ၇ ဂိုးပြန်ပေးခဲ့ရပါတယ်။


စပိန်ကတော့ ၁၀ ပွဲကစား၊ ၈ ပွဲနိုင် ၂ ပွဲသရေကျပြီး ၃ ဂိုးသွင်း၊ ၅ ဂိုးပြန်ပေးခဲ့ရကာ ရှုံးပွဲမရှိခဲ့တာကြောင့် ဂျာမနီထက် စပိန်ရဲ့ခြေစွမ်းက ပိုမိုကောင်းမွန်နေပါတယ်။ ဂျာမနီထက် စပိန်က လူငယ်ကစားသမားပိုများပါတယ်။ ဂျာမနီမှာ ဘိုင်ယန်က ကစားသမားမပါတာတွေ့ရပါတယ်။ တိုက်စစ်ကလည်း လက်ရွေးစင်အသစ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ စပိန်က လူငယ်သွေးသစ်တွေများပေမယ့် ခံစစ်ကတော့ တောင့်တင်းနေဆဲပါ။
(SO)






အခြားဆက်စပ်သတင်းများ