နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသွင်သစ်၊ အမြင်သစ်နဲ့ ကျင်းပမဲ့ ယူအက်စ်အိုပင်းပြိုင်ပွဲ

စက်တင်ဘာ  ၃


ဒီနှစ်ယူအက်စ်အိုပင်းပြိုင်ပွဲကိုပရိသတ်တွေကွင်းထဲဝင်မကြည့်ရပါဘူး။ ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားချက်က Safety Bubble လို့ ဆိုတဲ့ အထူးလုံခြုံရေးဇုန်ထဲမှာကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မဲ့သူတွေ၊ ပြိုင်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေ သီးခြားစီလှုပ်ရှားသွားလာရမှာပါ။ ဆေးစစ်မှုတွေလည်း မပြတ်တမ်း လုပ်ဆောင် နေမှာပါ။


“ကစားသမားအားလုံးအတွက် ခက်ခဲတဲ့စမ်းသပ်မှုတွေဖြစ်ပါတယ်။ အရင်မြင်ခဲ့ဖူးတဲ့ ယူအက်စ်အိုပင်း ပြိုင်ပွဲမဟုတ်တော့ပါဘူး”လို့ ပြိုင်ပွဲကျင်းပရေးဒါရိုက်တာ စတေစီအယ်လက်စတာက ဖွင့်ဟခဲ့ပါတယ်။


ယူအက်စ်အိုပင်းရဲ့ လက်ရှိချန်ပီယံတွေဖြစ်ကြတဲ့ ရာဖေးနာဒယ်နဲ့ ဘီယန်ကာအန်ဒရီစကူးတို့က COVID-19 ကြောင့် ပြိုင်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကမ္ဘာကျော်တစ်ဦးဖြစ်တဲ့ ရော်ဂျာဖက်ဒဲရားကတော့ ဒူးဒဏ်ရာကြောင့် ဝင်ပြိုင်နိုင်ခြင်းမရှိပါဘူး။ လက်ရှိပြိုင်ပွဲတွေထဲက အမျိုးသားမှာ နိုဗက်ဂျိုကိုဗစ်က နိုင်ခြေအဆင့်(၁)ပါ။ အမျိုးသမီးထဲမှာတော့ ပလစ်ကိုဗာကနိုင်ခြေအဆင့်(၁)ပါ။


လက်ရှိအချိန်ပြိုင်ပွဲဝင်ဖို့ ရောက်လာသူတွေကို ဆေး ၂ ကြိမ်စစ်ရပါတယ်။ အခုအချိန်ထိတော့ ပိုးကူးစက်မှုမတွေ့ရသေးပါဘူး။ ရောဂါပိုးတွေ့ရင်တော့ အဲဒီတင်းနစ်သမားပြိုင်ပွဲကထွက်ရမှာပါ။ အားကစားသမားတွေဟာ သတ်မှတ်ထားတဲ့ ဟိုတယ် ၂ လုံးမှာနေကြရပါတယ်။ ဟိုတယ်ကိုလုံခြုံရေးအဖွဲ့တွေက ၂၄ နာရီလုံးလုံးစောင့်ကြည့်နေကြပါ တယ်။ အရင်ကလို ဘေးစည်းဒိုင်တွေမထားတော့ဘဲ အီလက်ထရောနစ်စနစ်တွေ အစားထိုးအသုံးပြုသွားမှာပါ။  တင်းနစ်ဘောလုံးကောက်ကိုလည်း ၃ ဦးပဲထားမှာပါ။ ဒါကြောင့် ဒီနှစ်ယူအက်စ်အိုပင်းပြိုင်ပွဲက အသွင်သစ်၊ အမြင်သစ်တွေကိုမြင်တွေ့ကြရမှာပါ။


(SO)






အခြားဆက်စပ်သတင်းများ