နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ZOZO Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်

စက်တင်ဘာ  ၃


လာမည့်အောက်တိုဘာလတွင် ကျင်းပမည့် ZOZO Championship ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို နှစ်စဉ် ဂျပန်နိုင်ငံ၌ကျင်းပနေသော်လည်း COVID-19 ရောဂါကြောင့် ယင်းနိုင်ငံ၌ ကျင်းပမည်မဟုတ်ဘဲအမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက ပြောကြားခဲ့သည်။


တိုက်ဂါးဝုဒ်သည် ယင်းပြိုင်ပွဲတွင် လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်လိုသည့်အတွက် COVID-19 ရောဂါ ပြန့်ပွားနေသည့်အခြေအနေတွင် ပြိုင်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဂျပန်အစိုးရသည် COVID-19 ရောဂါကြောင့် ZOZO Championship ဂေါက်သီးရိုက်ပြိုင်ပွဲကို ယင်းတို့နိုင်ငံ၌ ကျင်းပခွင့်ပိတ်ပင်ထားသည့်အတွက် ZOZO Inc. ကုမ္ပဏီက ပြိုင်ပွဲကို အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ