ထီးလင်း၊ စက်တင်ဘာ ၃
ကိုရိုနာဗိုင်းရပ်စ် (COViD-19)ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် ပေါ့ဆမှုမရှိစေရေးအတွက် ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ)ဈေး၌ COVID-19 ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား နှာခေါင်းစည်း(Mask)များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းသို့ပြုလုပ်ဆောင်ရွက်ရာတွင် ထီးလင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်ခင်ဇာလင်းနှင့် သူနာပြုတပ်ဖွဲ့ဝင် ၇ ဦးတို့က ထီးလင်းမြို့ လေယာဉ်ကွင်းဟောင်း(ယာယီ)ဈေး၌ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် (COVID-19)ရောဂါ ကာကွယ်ရေးအတွက် မိမိတို့နေအိမ်မှ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာရေး၊ လက်ကို ဆပ်ပြာနှင့်ရေ အသုံးပြု၍ စနစ်တကျ မကြာခဏ ဆေးကြောရေး စသည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ပြည်သူများအား နှာခေါင်းစည်း (Mask) ၁၃၀ ခု တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)