နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ပွဲ ၂ ကြိမ်ဆက်နိုင်ခဲ့တဲ့ ချာလီဝုဒ်

စက်တင်ဘာ  ၃


ဂေါက်အကျော်အမော် တိုက်ဂါးဝုဒ်ရဲ့သားဖြစ်တဲ့ အသက် ၁၁ နှစ်အရွယ် ချာလီဝုဒ်ဟာ နောက်ထပ် လူငယ်ပြိုင်ပွဲတစ်ခုမှာ ထပ်မံအနိုင်ရခဲ့ပြီး ၂ ကြိမ်ဆက်လက်အောင်ပွဲခံနိုင်ခဲ့ကြောင်း သိရပါတယ်။


ချာလီဝုဒ် နောက်ဆုံးအနိုင်ရခဲ့တဲ့ ပြိုင်ပွဲကတော့ ဖလော်ရီဒါတောင်ပိုင်းမှာကျင်းပခဲ့တဲ့ PGA ပြိုင်ပွဲတွင် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ကျန်ကစားသမားများ ထက် ၃ ချက်လျှော့ရိုက်ကာ အောင်ပွဲခံနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်ကကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲတွင် ကျင်း ၉ ကျင်း ပါဝင်ပြီး ၂၄၆၇ ကိုက်ကျယ်ဝန်းတဲ့ ကွင်းမှာ ၃၃ ချက်အနက် ၃ ချက်လျှော့ရိုက်သွားပြီးနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။


အဆိုပါပွဲစဉ်တွေကို ဖခင်တိုက်ဂါးဝုဒ် ကိုယ်တိုင်တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ နောက်ဆုံးပြိုင်ပွဲကတော့ အသက် ၉ နှစ်နဲ့ ၁၁ နှစ်ကြား ပြိုင်ပွဲပဲဖြစ်ပါတယ်။   


(SO)






အခြားဆက်စပ်သတင်းများ