နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်လက်ဝှေ့သမား ဒူဘွိုက်စ် နယ်သာလန်က ရှနိုက်ဒါကို ဒိုင်ပွဲရပ်နဲ့ အနိုင်ရ

စက်တင်ဘာ  ၃


ဗြိတိန်ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံ ဒန်နီရယ်ဒူဘွိုက်ဟာ နယ်သာလန်လက်ဝှေ့သမား ရီကာဒိုရှနိုက်ဒါကို အလွယ်တကူအနိုင်ရကာ အောက်တိုဘာလမှာယှဉ်ပြိုင်ရမဲ့ တစ်နိုင်ငံတည်းသားပြိုင်ဘက် ဂျိုးဂျွိုက်နဲ့ပွဲအတွက် အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။


အသက် ၂၂ နှစ်အရွယ်ရှိ ဒဗလျူဘီအိုကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ ဒန်နီရယ်ဒူဘွိုက်ဟာ ရီကာဒိုရှနိုက်ဒါကို ပထမအချီမှာပင် ၃ ကြိမ်တိုင်အောင် အလဲထိုးချနိုင်ခဲ့သလို ဒုတိယအချီတွင်လည်း ထပ်မံအလဲထိုးလိုက်ပြန်တဲ့အခါ  ဒိုင်ကပွဲကိုရပ်တန့်ခဲ့ကာ ဒန်နီရယ်ဒူဘွိုက်ကို အနိုင်ပေးလိုက်ပါတယ်။


အဆိုပါပြိုင်ပွဲကို ဘီတီအားကစားစတူဒီယိုမှာ ပရိသတ်မပါဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒန်နီရယ်ဒူဘွိုက်စ် အနေနဲ့ သူ့ရဲ့လက်ဝှေ့သမားဘဝမှာ ၁၅ ပွဲနိုင် ရှုံးပွဲမရှိစံချိန်ကို စိုက်ထူထားနိုင်ခဲ့ပါတယ်။


ဒူဘွိုက်စ်ဟာ ဗြိတိန်လက်ဝှေ့သမားပင်ဖြစ်တဲ့ ဂျိုးဂျိုက်နဲ့ အောက်တိုဘာ ၂၄ ရက်မှာလန်ဒန်မြို့၊ အိုဘူးအရီနာမှာ ယှဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။   


(SO)






အခြားဆက်စပ်သတင်းများ