နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မလေးရှားသံအမတ်ကြီး ဦးဆောင်၍ လေအေးပေးစက်နှင့်ပန်ကာများ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လှူဒါန်း

ရန်ကုန် ဧပြီ ၂၃ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ဧပြီ ၂၃ ရက်၊ နံနက် ၁၀ နာရီတွင် အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Zahairi Bin Baharim ဦးဆောင်၍ မလေးရှားအဖွဲ့အစည်းများ၊ ကုမ္ပဏီများကလှူဒါန်းသော လေအေးပေးစက်များ၊ ပန်ကာများအား လက်ခံယူခဲ့သည်။ မလေးရှားနိုင်ငံသံရုံး၊ Malaysia - Myanmar Business Chamber (MMBC, Yangon)၊ The Diplomats and International Golf Association of Yangon (DIGAY)၊ Mercy Malaysia၊ Monarch Company Limited (KHIND)၊ OK Myanmar Co.,Ltd၊ Daikin Malaysia (Myanmar Branch)နှင့် Myanmar Golden Rock International Co.,Ltd တို့က ကျပ်ငွေ ၁၂၃ သိန်း၊ ၆ သောင်းတန်ဖိုးရှိ လေအေးပေးစက် ၂၅ လုံးနှင့် ကျပ်ငွေ ၂၃ သိန်းတန်ဖိုးရှိ KHIND Stand Fan အလုံး ၅၀ တို့ကို COVID-19 ကြောင့်ဖြစ်ပွားသော ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းခဲ့ခြင်းဖြစ် သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့






အခြားဆက်စပ်သတင်းများ