နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၃

 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂ ရက်၊ ည ၁၂ နာရီခွဲအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် သုမင်္ဂလာ ရပ်ကွက်၊ လေးထောင့်ကန်လမ်းမပေါ်၌ ချစ်ဦးထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း ကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် နိုင်မင်းထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၄ နာရီခွဲအချိန်တွင် (၁၅၄)ရပ်ကွက်၊ လှော်ကား ပတ်လမ်းမပေါ်၌ မျိုးပြည့်စုံ ထံမှ အရိုးအသွား(၂၃)လက်မခွဲခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကို လည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် (၁၀)ရပ်ကွက်၊ မကွေးလမ်းမကြီးပေါ်၌ လှထွန်းမင်းထံမှ အရိုးအသွား(၆)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီခွဲအချိန်တွင် အလယ်ကျေးရွာ၊ အမက(၁)ကျောင်းလမ်းမပေါ်၌ အောင်ကျော်ထံမှ အရိုးအသွား (၁၃)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၃၀၀ အချိန်တွင် (၉၃)ရပ်ကွက်၊ ရွှေလီလမ်းမ ပေါ်၌ ဝဏ္ဏစိုး ထံမှ အရိုးအသွား(၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း၊ ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်းမပေါ်၌ မင်းကျော်သူထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၇ နာရီခွဲအချိန်တွင် တံတားကြီးရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ်၌ ရာဇာထွန်းထံမှ အရိုးအသွား(၁၃)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ