နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တို့တွင် ဆိုင်ကယ် ၁၃ စီး ခိုးယူသူတစ်ဦး ဖမ်းဆီးရမိ

မင်းဘူး စက်တင်ဘာ ၂


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ လမ်းညွှန်ချက်နှင့်အညီ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးက အနီးကပ် ကြီးကြပ်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည်  အရှေ့ပိုင်းခရိုင်နယ်မြေအတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ညောင်ပင်ရွာ၊ စက်မှုဇုန်(၂)၊ ငါးခြောက်တန်း(၃)လမ်းနေ ဇော်ထွန်း(ခ)ရွှေအကို သာကေတမြို့နယ်၊ (၁၀/မြောက်)ရပ်ကွက်၊ ရတနာအိမ်ယာလမ်းမပေါ်၌ တွေ့ရှိစစ်ဆေးရာ ၎င်းသည် ၂၀၂၀ ပြည့်နှစ်၊ မေလမှ ဇူလိုင်လအထိ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် တို့အတွင်း လှည့်လည်သွားလာ၍ လမ်းဘေး၌ရပ်ထားသော ဆိုင်ကယ်အမျိုးမျိုး ၁၃ စီးကို ခိုးယူခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။

 စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်း ဆိုင်ကယ်အမျိုးမျိုး(၁၃)စီးကို ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ ဇော်ထွန်း(ခ)ရွှေအကိုအား စက်တင်ဘာ ၂ ရက်တွင် ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဆွေဦး






အခြားဆက်စပ်သတင်းများ