နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွာငံမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မိုင်းကိုင် စက်တင်ဘာ ၃


စက်တင်ဘာ ၁ ရက်၊ ညနေ ၄ နာရီခွဲ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအုပ်စု၊ ကျောက်ကူပြင်ကျေးရွာ၊ ရွာငံ-ကျောက်ဆည် သွားကားလမ်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာခရီးသည် သန်းဇော်ဦး သယ်ဆောင်လာသော လက်ဖက်ခြောက်များထည့်ထားသည့် ဆာလာအိတ် ၂ အိတ်အတွင်းမှ ဘိန်းစိမ်း ၁၉ ကီလိုနှင့် ၎င်းထံမှ လက်ကိုင် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သန်းဇော်ဦး(၄၂)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


စက်တင်ဘာ ၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကရင်စုလမ်းနေ ဦးအောင်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းကိုမတွေ့ရှိရဘဲ သန်းဝင်း(ခ)မျက်မှန်နှင့် ဖုန်းမြတ်သူတို့(၂)ဦးအား တွေ့ရှိရပြီး ကြမ်းပြင်ပေါ်ရှိ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၀ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် သန်းဝင်း(ခ)မျက်မှန်(၂၈)နှစ်၊ ဖုန်းမြတ်သူ(၂၀)နှစ်တို့အား  မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ