ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ရပ်ကွက်အသီးသီးရှိ စုရပ်နေရာများ၌ ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၁ ရက်၊ နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၉)ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့စဉ်။
ခင်ဆွေနှင်း(ပြန်/ဆက်)