နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီတိုက်စစ်မှူး ဆွာရက်ဇ် ဂျူဗင်တပ်စ် ဒုဥက္ကဋ္ဌထံ ကမ်းလှမ်းဆက်သွယ်

စက်တင်ဘာ ၂


ဘာစီလိုနာအသင်းက ရောင်းထုတ်ဖို့ပြင်ဆင်ထားတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က ဂျူဗင်တပ်စ် ဒါရိုက်တာများ ဘုတ်အဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ နက်ဗက်ကို ဂျူဗင်တပ်သို့ပြောင်းရွေ့နိုင်ရေးအတွက် ဆက်သွယ်ကမ်းလှမ်းလိုက်ကြောင်း သတင်းများထွက်လျက်ရှိပါတယ်။ ဘာစီလိုနာနည်းပြသစ်ဖြစ်လာတဲ့ ရော်နယ်လ်ကိုးမန်းက ယင်းရဲ့အစီအစဉ်များထဲမှာ ဆွာရက်ဇ်မပါဝင်ကြောင်း အသိပေးထားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ကလည်း တိုက်စစ်မှူး ဟီဂူအင်နေရာမှာ အစားထိုးဖို့ရှာဖွေနေပါတယ်။ စပိန်သတင်းစာ မန်ဒို ဒီမို့တီဗိုရဲ့ ဖော်ပြမှုအရဆိုရင် နက်ဗက်နဲ့ ဆွာရက်ဇ်တို့အကြားမှာ ဆွေးနွေးမှုတွေပြုလုပ်နေပြီးကနဦးဆွေးနွေးမှုအရ အလွန်အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။  ဆွာရက်ဇ်ကို ဂျူဗင်တပ်စ်မှာ ရော်နယ်လ်ဒိုနဲ့တွဲကစားနေခြင်းကို မြင်တွေ့ရဖွယ်ရှိပါတယ်လို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။ ဂျူဗင်ဟာ ဟီဂိုအင်နေရာအတွက် ရိုးမားက ဒီဇီကို ကိုလည်း ပစ်မှတ်ထားလျက်ရှိပါတယ်။                                                                                     

 (SO)






အခြားဆက်စပ်သတင်းများ