နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီလိုနာဟာအသင်းရဲ့ ဗီဇစရိုက်လက္ခဏာပျောက်နေတာကြောင့် တစ်သင်းလုံး လဲရန်လို

စက်တင်ဘာ ၂


ဘာစီမှ ချီလီကွင်းလယ်ကစားသမား ဗီဒယ်က ဘာစီမှာ DNA (မျိုးရိုးဗီဇသင်္ကေတ) ပျောက်ဆုံးနေတယ်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။ မက်ဆီပြောင်းရွှေ့ဖို့တောင်းခံထားမှုအပါအဝင် ဘာစီမှာလတ်တလော ဂယက်ထ နေချိန် ဥက္ကဋ္ဌ ဘာတိုမြူနုတ်ထွက်ပေးရန်လည်း ပရိသတ်တွေ ကတောင်းဆိုနေကြပါတယ်။ ဗီဒယ်က ဘာစီမှာပရော်ဖက်ရှင်နယ် ကစားသမား ၁၃ ဦးသာရှိပြီး အဆိုပါအင်အားနဲ့မလုံလောက်ကြောင်း၊ တစ်သင်းလုံးကို အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မက်ဆီထွက်ခွာခွင့်တောင်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်သူအားလုံးကိုလည်း အပြန်အလှန်လေးစားမှုရှိရန် လိုအပ်တယ်လို့ဝေဖန်ခဲ့ ပါတယ်။ ဗီဒယ်ဟာ ဘာစီကို ၂၀၁၈ ကရောက်ရှိခဲ့ပြီး ပြိုင်ပွဲစုံ ၉၆ ပွဲကစားထားပါတယ်။ နည်းပြကိုးမန်းလက်ထက် ဗီဒယ်ရဲ့အနာဂတ်က သေချာရေရာမှုမရှိပါ။ ဗီဒယ်ကမူ သူ့အနေနဲ့ ပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်သို့ ဘယ်တော့မှ ပြောင်းရွှေ့မည်မဟုတ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ 

ဒါပေမယ့် ဂျူဗင်တပ်နည်းပြသစ် ပီယာလိုကသာ ခေါ်ယူမယ်ဆိုရင်တော့ ဂျူဗင်တပ်စ်ကို ပျော်ရွှင်စွာ ပြောင်းရွှေ့သွားမယ်လို့ဆိုပါတယ်။ ဗီဒယ်မှာ ချီလီကလပ် ကိုလိုကိုလိုမှာ ကစားသမားဘဝစတင်ခဲ့ပြီး လေဗာကူဆင်၊ ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်တို့မှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။ ချီလီအသင်းမှာကစားစဉ် လက်ရွေးစင်ဂိုးသမား ဘရာဗိုနဲ့ အက်ကြောင်းတွေရှိခဲ့ပါတယ်။ ၂၀၁၇  က ဘရာဇီးကို ၃-၀ နဲ့ ရှုံးတဲ့ပွဲအပြီးမှာ အက်ကြောင်းထင်ခဲ့တာပါ။ ၂၀၁၈ က ဘရာဇီးကိုရှုံးပြီး  ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တာ အချို့လက်ရွေးစင်တွေပါတီပွဲတွေကို လွန်ကျူးစွာတက်ရောက် နေတာကြောင့် ခြေစစ်ပွဲမအောင်တာလို့ ဘရာဗိုရဲ့ဇနီးက လူမှုကွန်ရက်မှာရေးတင်ခဲ့ပါတယ်။ အဲဒီလိုပွဲတက်ထဲမှာ ဗီဒယ်ကောပါခဲ့တာကြောင့် ဗီဒယ်နဲ့ဘရာဗိုတို့ ဆက်ဆံရေးပျက်ခဲ့ခြင်းပဲဖြစ်ပါတယ်။                                                                                  

(SO)






အခြားဆက်စပ်သတင်းများ