နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဲဗာတန်အသင်းက ခံစစ်ကစားသမား မိုက်ကယ်ကိန်းကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆို

စက်တင်ဘာ ၂


အဲဗာတန်အသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက နည်းပြ အန်ဆယ်လော့တီလက်အောက်တွင် ခြေစွမ်း ပြသနိုင်ခဲ့သည့် ခံစစ်ကစားသမား မိုက်ကယ်ကိန်းကို ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၂၇ နှစ်အရွယ်ရှိ မိုက်ကယ်ကိန်းသည် ၂၀၁၇ ခုနှစ်က ဘန်လေအသင်းမှ အဲဗာတန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းတွင် ပွဲပေါင်း ၁၀၄ ပွဲ ပါဝင်ကစားပေးခဲ့ကာ သွင်းဂိုး ၄ ဂိုး သွင်းယူပေးခဲ့သည်။

မိုက်ကယ်ကိန်းက “ကျွန်တော် အဲဗာတန်အသင်းမှာ ဖြတ်သန်းခဲ့တဲ့ကာလတစ်လျှောက် ပျော်ရွှင်ခဲ့ရပါတယ်။ နည်းပြ အန်ဆယ်လော့တီကလည်း ကျွန်တော့်ကိုအများကြီးကူညီပေးပါတယ်”ဟု ပြောကြားခဲ့သည်။

 “ကျွန်တော်တို့ မိုက်ကယ်ကိန်းကို ငါးနှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူဟာ အသင်းမှာ  ပြီးခဲ့တဲ့ရာသီမှာ လည်း အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပါတယ်”ဟု အဲဗာတန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် အဲဗာတန်အသင်းသည် ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဂျိမ်းရိုဒရီဂွတ်ဇ်နှင့် နာပိုလီ အသင်း ကွင်းလယ်ကစားသမား အလန်တို့ကိုလည်း ခေါ်ယူရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။

                                                                                                 

 (သူရိန်)






အခြားဆက်စပ်သတင်းများ