စက်တင်ဘာ ၂
ဝုဒ်မှ ပေါင် ၁၄ ဒသမ ၇ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အိုင်ယာလန် ညာအစွန်ခံစစ်မှူး မက်ဒိုဟာတီက နည်းပြ မော်ရင်ဟိုက ယင်းကိုပိုတိုးတက်ကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ မက်ဒိုဟာတီကို တနင်္ဂနွေနေ့က လေးနှစ်စာချုပ်နဲ့ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိ လက်ရွေးစင် အသင်းမှာကစား နေပေမယ့် စပါးကိုပြန်ရောက်ချိန်မှာ နွေးထွေးစွာကြိုဆိုမယ်လို့မျှော်လင့်ကြောင်း ဒိုဟာတီက ပြောခဲ့ပါတယ်။
စပါးဟာ နွေအပြောင်းအရွှေ့မှာ ဝုဒ်မှ ဒိုဟာတီ၊ ဆောက်သမ်တန်မှ ကွင်းလယ်ကစားသမား ဟိုးဘတ်၊ အသင်းလက်မဲ့ ဂိုးသမားဂျိုးဟတ်တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုရဲ့ ကစားသမားခေါ်ယူရာမှာ နာမည်ကြီးသူများ မဟုတ်ပေမယ့် အသင်းနဲ့အံဝင်တဲ့ကစားသမားများဖြစ်ကာ စပါးအတွက်ပိုမိုတောင့်တင်း လာစေဖွယ်ရှိပါတယ်။ ယခုလာမယ့်ရာသီမှာ ကစားသမားသစ်တွေနဲ့အတူ စပါးရဲ့ဖလားလက်မဲ့ရာသီကိုအဆုံးသတ်နိုင်ဖွယ်ရှိကြောင်း ဒေးလီးမေးသတင်းစာက သုံးသပ်ရေးသားထားပါတယ်။ စပါးအသင်းဟာ မော်ရင်ဟို စတာဝန်ယူချိန်က အဆင့် ၁၄ မှာရှိပြီး ရာသီသိမ်းချိန်မှာတော့ အဆင့် ၆ ကိုရောက်ရှိခဲ့ပါတယ်။ ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့ပြီး ဒုတိယခြေစစ်ပွဲမှစကစားရမှာ ဖြစ်ပါတယ်။
(SO)