နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် စက်တင်ဘာ ၂


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ကျောက်ရေတွင်းရပ်ကွက်၊ ဇောတိကလမ်းမပေါ်၌ ငြိမ်းချမ်း ထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် (ခ)ရပ်ကွက်၊ မြရတနာ(၇)လမ်းမပေါ်၌ ထွန်းနိုင်ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် (၂)ရပ်ကွက်၊ ယုဇန(၃)လမ်းမပေါ်၌ တင်ငွေထံမှ အရိုးအသွား (၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း၊

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲအချိန်တွင် ညောင်ပင်ကျေးရွာ၊ ဇုန်(၂)၊ ဇီဇဝါလမ်းမပေါ်၌ ချမ်းဝေဖြိုးထံမှ အရိုးအသွား(၂၀)လက်မခန့်ရှိထိပ်ဦးချွန်ဓါးတစ်ချောင်းနှင့် ည ၁၀ နာရီအချိန်တွင် ညောင်ပင်ကျေးရွာ၊ ရိပ်သာလမ်းမပေါ်၌ ကျော်ရဲလင်းထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦး ချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ညနေ ၆ နာရီအချိန်တွင် (၃)ရပ်ကွက်၊ ပီမိုးနင်းလမ်းမကြီးပေါ်၌ သန်းဝင်းထိုက်ထံမှ အရိုးအသွား(၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် စက်မှုဇုန်(၄)၊ မင်းကြီးမဟာခေါင်လမ်းမပေါ်၌ ထက်လင်းအောင်နထံမှ အရိုးအသွား (၁၀)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၉ နာရီအချိန်တွင် ထောက်ကြန့်၊ ကုန်းတလပေါင်ကျေးရွာ၊ ငွေစံပယ်ကျေးရွာလမ်းမပေါ်၌ ဆန်းပြည့်အောင်ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရဲစုတောင်ရပ်ကွက်၊ မြို့ရှောင်လမ်းမပေါ်၌ ရဲဇော်ထက်ထံမှ အရိုးအသွား (၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခွဲအချိန်တွင် ဇော်ဝင်းသန်းထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ