နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာချီလိတ်မြို့နယ်နှင့် ပင်လယ်ဘူးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ် စက်တင်ဘာ ၂


ဩဂုတ် ၃၁ ရက်၊ မွန်းလွဲ  ၂ နာရီ ၄၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာနေ အိုက်ပေါ့၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်ကပ်နှင့်အိပ်ရာဘေးရှိ သံသေတ္တာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၉၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အိုက်ပေါ့(၅၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဩဂုတ် ၃၁ ရက်၊ ညနေ ၅ နာရီအချိန် ပင်လည်ဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည်  ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာအုပ်စု၊ ပင်လောင်ကျေးရွာဘုရားအနီးတွင် ခင်မောင်ချို(ခ)ဖိုးချို မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ခင်မောင်ချို(ခ)ဖိုးချို(၃၉)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ဆွေဦး






အခြားဆက်စပ်သတင်းများ