နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Onlinepage မှ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဆောင်ရွက်

ရန်ကုန်၊  စက်တင်ဘာ  ၂


ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ကာ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Page မှ Online အသိပညာပေးအစီအစဉ်ဖြင့် ပုံပြောပြခြင်း၊ စာအုပ် မိတ်ဆက်ခြင်း၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများစသည့် အစီအစဉ်များကို သတ်မှတ်နေ့များအလိုက် အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက် အင်္ဂါနေ့တွင်လည်း ဉာဏ်စမ်းပဟေဠိအဖြေညှိအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အစီအစဉ်တွင် အထွေထွေဗဟုသုတဉာဏ်စမ်းမေးခွန်း ၇ ပုဒ်ကို ဖြေဆိုရမှာဖြစ်ပြီး ပထမဦးဆုံးအဖြေမှန် ဖြေဆိုနိုင်သူသုံးဦးကို Face  Shield  ဆုလက်ဆောင်များပေးသွားမှာဖြစ်ကာ ဖြေဆိုသူများအနေဖြင့် အဖြေကို စာရွက်တစ်ရွက်ပေါ်တွင်ချရေးပြီး အဆိုပါစာရွက်ကို ဓာတ်ပုံရိုက်၍ comment မှာ ဖြေဆိုရမည်ဖြစ်သည်။

အဆိုပါဉာဏ်စမ်းပဟေဠိအဖြေညှိအစီအစဉ်ကို နှစ်ပတ်လျှင်တစ်ကြိမ် အင်္ဂါနေ့တိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


တင်တင်ချိုပြန်/ဆက်






အခြားဆက်စပ်သတင်းများ