နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ COVID-19 ရောဂါကာလအတွင်း သတ်မှတ်စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချရေး အပတ်စဉ် ကြပ်မတ်စစ်ဆေးပညာပေး‌

ရန်ကုန်၊  စက်တင်ဘာ  ၂


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်၊ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချရေး လိုက်နာ ဆောင်ရွက်ခြင်းရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အဆင့် COVID -19 ရောဂါကာကွယ်၊ထိန်းချုပ်ရေးကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ခိုင်ဌေးတို့ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့စဉ်။


ဝေယံ(ဆိပ်ကြီးခနောင်တို)






အခြားဆက်စပ်သတင်းများ