ရန်ကုန် စက်တင်ဘာ ၂
COVID-19 ကာလတွင် ပြည်သူလူထုအတွင်း လူမှုစီးပွားဘဝလျော့ပါးသက်သာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂) ရပ်ကွက်၊ ဗဟိုဓမ္မာရုံတွင် စက်တင်ဘာ ၁ ရက်နေ့က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မူကြိုကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်စောရွှေနှင့်ဝန်ထမ်းများက ငွေဗိုက် (Ngwe Bike Application) ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့စဉ်။
မြင့်မြင့်ရီ(ပြန်/ဆက်)