နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)သို့ COVID-19 ရောဂါကာကွယ်ရေးပစ္စည်းများ ဝယ်ယူဖြည့်တင်းနိုင်ရန် အလှူငွေနှင့်နှာခေါင်းစည်းများကို Nestle (Myanmar)မှ လှူဒါန်း

ရန်ကုန် ဧပြီ ၂၂ နိုင်ငံတစ်ဝန်းလုံးတွင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာရှင်လုပ်အားရှင်များအတွက် လိုအပ်သည့်ရောဂါ ကာကွယ်ရေးပစ္စည်းများ ဝယ်ယူဖြည့်တင်းနိုင်ရန်အတွက် Nestle (Myanmar) မှ အလှူငွေနှင့်နှာခေါင်းစည်း များကို ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ သည်။ အခမ်းအနားတွင် Nestle (Myanmar) မှ Managing Director Mr.Stephen Knight မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်ဟာ ရောဂါကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အခြေအနေ နှင့် လိုအပ်ချက်များကို ပြန်လည်ပြောကြားခဲ့သည်။ Nestle (Myanmar) မှ Managing Director မှ လှူဒါန်းငွေနှင့် နှာခေါင်းစည်းတို့ကို ပေးအပ်ခဲ့ရာ အသင်း ဒုတိယဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပြီးနောက် လှူဒါန်းမှုအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း Nestle (Myanmar) ကို ပြောကြားခဲ့သည်။ အခမ်းအနားသို့ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့်အတူ အရင်းအမြစ်စုစည်းအသုံးချ ရေးဌာနမှူး ဒေါ်မေစန္ဒာမျိုး၊ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Country Office (Myanmar) Joy Singhal ၊ Nestle (Myanmar) မှ Managing Director Mr.Stephen Knight ၊ Head of Finance Mr. Muhammad Ikram Zafar ၊ Head of Corporate Affairs ဒေါ်မြတ်သူအေးနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။ WP






အခြားဆက်စပ်သတင်းများ