နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူးမြို့နယ်၊ မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၆/၃)အနီးတွင် မော်တော်ယာဉ်တိုက်မှုဖြစ်ပွား

မင်းဘူး စက်တင်ဘာ ၂


 ဩဂုတ် ၃၁ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်၊ ဆင်ခေါင်းကျေးရွာ၊ မင်းဘူး-အမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၆/၃)အနီးတွင် ယာဉ်မောင်း ဦးအောင်ဖြိုး မောင်းနှင်လာသော ယာဉ်အမှတ် MDY/8J----- NISSAN(၆)ဘီးကုန်တင်ယာဉ်သည် လမ်းပေါ်ရှိရေအိုင်များအားရှောင်တိမ်း ရန် ဘရိတ်အုပ်ရာတွင် နောက်မှယာဉ်မောင်း ဦးဇော်မျိုးသန့် မောင်းနှင်လာသော ယာဉ်အမှတ် SGG/7A------NISSAN(၆)ဘီးကုန်တင်ယာဉ်သည် နောက်မှ ဝင်ရောက်တိုက်မှုဖြစ်ပွားပြီး ယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညပ်မိနေသဖြင့် မင်းဘူးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် သူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။

 အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ဦးဇော်မျိုးသန့် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား မင်းဘူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ဦးဇော်မျိုးသန့်အား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း ယာဉ်(ပ)၂၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၂၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ