နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန်မှ COVID-19 ရောဂါကာကွယ်ရေး ပြည်သူလူထုအားအသိပညာပေးမှု တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြား

ရန်ကုန် စက်တင်ဘာ ၂


ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးသည် ယနေ့ညနေ ၄နာရီက မြို့တော်ခန်းမ အစည်းအဝေးခန်းမ(၄)၌ ကော်မတီဝင်များ၊ ဌာနမှူးများနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့ပေါ်ရှိစျေးများသည် လူအသွားအလာအထူထပ်ဆုံးနေရာဖြစ်ခြင်းကြောင့် COVID-19ရောဂါကူးစက်ခံရဖို့လွယ်ကူကြောင်း၊ ပြည်သူများကျန်းမာရေးနှင့်အသက်အန္တရာယ်အတွက်ဘယ်လိုထိန်းကျောင်းရမည်ကို အသိပညာပေးမှုမြှင့်တင်သွားဖို့အရေးကြီးကြောင်း၊ တစ်ဖက်မှာလည်း စျေးရောင်းသူများ၏စားဝတ်နေရေးအဆင်ပြေစေရေးနှင့်စျေးဝယ်သူများအန္တရာယ်ကင်းစေရေးစဉ်းစားရမှာဖြစ်ကြောင်း၊ လူထုနှင့်လူမှုအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ပေးနေမှုကိုလည်းပံ့ပိုးပေးကြရန်ဖြစ်ကြောင်း၊ ယခုကာလကူးစက်မှုနှုန်းမြန်ပြီးများလာတာဖြစ်လို့နောက်ကြောင်းလိုက်မရသည့်အခြေအနေများကြုံနေရကြောင်း၊ ဘယ်လိုကာကွယ်ထိန်းချုပ်ကြမယ်ဆိုတာကိုဝိုင်းဝန်းဆွေးနွေးစေလိုကြောင်းပြောကြားပါသည်။

ဆက်လက်၍တက်ရောက်လာသူများမှ စျေးများတွင်အသိပညာပေးမှုပိုမိုထိရောက်မည့်အစီအစဉ်များ၊ ရုံးဌာနများတွင်လည်း လူအများစုဝေးမှုမရှိစေရန် ဆောင်ရွက်သင့်သည့်အစီအမံများအားအကြံပြုတင်ပြကြရာ မြို့တော်ဝန်မှ စျေးများ၊ လမ်းဘေးဆိုင်ခန်းများ၊ စားသောက်ဆိုင်များအား ကျန်းမာရေးအသိဖြင့်ဆောင်ရွက်စေရေးတိုက်တွန်းပြောကြားရန်နှင့်ဝန်ထမ်းများသတ်မှတ်ချက်၊ ကြပ်မတ်လမ်းညွှန်ချက်များနှင့်အညီတာဝန်ထမ်းဆောင်ကြရန်ပြန်လည်မှာကြားပြီးအစည်းအဝေးအားညနေ ၆နာရီတွင်ရုပ်သိမ်းခဲ့ကြောင်းသိရသည်။


သတင်း-သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ