နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်   သြဂုတ်   ၂


ရန်ကုန်တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိ့နှိုင်း အစည်းအဝေးအား ယနေ့နေ့လည် (၁)နာရီ က 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး မင်္ဂလာခန်းမ ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။


ရှေ့ဦးစွာ Stay Home သတ်မှတ်လိုက်သည့် မြို့နယ်(၇)မြို့နယ် အား တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက်ရန်၊ ယခုသတ်မှတ်ထားသည့် မြို့နယ် (၇)မြို့နယ်အား ယဥ်သွားလာခွင့် ကိစ္စရပ်များ၊လမ်းတစ်လမ်းခြင်း၏ အဝင်အထွက်ဆောင်ရွက်နေမှု ကိစ္စရပ်များ၊လမ်းအလိုက်ကြီးကြပ်ကွက်ကဲနေသည့် ကိစ္စရပ်များ စနစ်တကျဖွဲ့စည်းပြီး မြို့နယ် COVID -19 ကော်မတီ မှ စနစ်တကျကိုင်တွယ်ဆောင်ရွက်ရန် ယခုလိုစီစဥ်မှုများအား ခရိုင်အဆင့်ကော်မတီမှ ကြီးကြပ်ဆောင်ရွက်သွားရန်၊ ၎င်းအပြင် ရန်ကုန်တိုင်းအတွင်းရှိ လူစုလူဝေးဖြစ်နိုင်သည့် နေရာများအား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် ၊မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှူးများအနေဖြင့်  မိမိရပ်ကွက် ၊ရပ်ရွာသို့ ဝင်ရောက်နေထိုင်သူများအား  တိတိကျကျသိရှိထားရန် လိုအပ်ကြောင်း ၊သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအား လိုက်နာရန်ပျက်ကွက်ပါက စံနမှုနာပြ အနေဖြင့် အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ည (၁၂) နာရီမှာ မနက် (၄)နာရီ အတွင်း တားဆီးထားမှုများအား စနစ်တကျ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ရောဂါပိုးတိုးပွားလာမှု့ရော့ကျစေရန် ကားကွယ်တားဆီးမှုများ၊ထိရောက်သည့်ဆောင်ရွက်မှုပြုလုပ်ရန်လိုအပ်ကြောင်း၊ မြို့နယ်များအတွင်း အများပြည်သူသယ်သူပို့ဆောင်ရေး ကိုလည်း စနစ်တကျ ဖြတ်သန်းသွားလာရန်နှင့် လမ်းကြားများအား ဖြတ်လမ်းအဖြစ်အသုံး ပြုမှုက်ို လည်းပိတ်ပင်ထားရန်လိုအပ်ကြောင်း၊အထူးဂရုပြုရမည့် နေရာများဖြစ်သည့် စျေးများအား မြို့နယ်စည်ပင်သာယာရေးကော်မတီ နှင့် အုပ်ချုပ်ရေးမှူးများမှ ပူပေါင်းဆောင်ရွက်၍ မြို့နယ်ပိုင်စျေးများ အားကျန်းမာရေးနှင့် ညီညွှတ်သည့် အခြေအနေ တခုဖြစ်စေရန်၊ကိုဗစ် ၏ လမ်းညွှန် မှုနှင့်အညီ Mark များတပ်ဆင်ခြင်း၊တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ဆိုင်ဖွင့်သည့်အခါတွင်လည်း စနစ်တကျဖြစ်စေရန် ဆိုင်များအား ပါဆယ်ဝယ်ယူမှုစနစ်အား ပြန်လည်သတ်မှတ်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာအသီးအသီးမှ တာဝန်ရှိသူများမှ တင်ပြဆွေးနွေးခဲ့ ကြပြီး ဆွေးနွေးမှုများအပေါ် ဝန်ကြီးချုပ်မှ ပြည်လည်ဖြေကြားခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သတင်း မိုးမြင့်မောင်

ဓာတ်ပုံ  ကျော်သူထက်






အခြားဆက်စပ်သတင်းများ